Aimstar Network တာဝန်ရှိသူကို အရေးယူနိုင်ဖို့ သတင်းသမားတွေ လက်မှတ်စုဆောင်း

Aimstar Network Business ကုမ္ပဏီတာဝန်ရှိသူကို အရေးယူပေးဖို့ သတင်းမီဒီယာသမားတွေ စက်တင်ဘာလ ၂၅ ရက်နေ့က လက်မှတ်တွေကောက်ယူနေစဉ်။ Photo: Aung Thain Kha/ RFA
MLM လို့ ခေါ်တဲ့ ဆင့်ပွားအရောင်းလုပ်ငန်းတစ်ခုဖြစ်တဲ့ Aimstar Network Business ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးက ကုမ္ပဏီဟောပြောပွဲမှာ သတင်းမီဒီယာတွေ ကို ဝေဖန် ပြောဆိုတာနဲ့ ပတ်သက်ပြီး အရေးယူနိုင်ဖို့ သတင်းမီဒီယာသမားတွေ လက်မှတ် စုဆောင်းနေပါတယ်။

လက်မှတ်တွေကို မနေ့ကစတင်ကောက်ယူတာဖြစ်ပြီး နောက်နှစ်ရက်လောက်မှာ ရရှိထားတဲ့ လက်မှတ်တွေကို သတင်းမီဒီယာကောင်စီထံ တင်ပြသွားမှာဖြစ်ပါတယ်။

Aimstar Network Business ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ မစ္စတာဂျိုးဇက် ဆိုသူက မြန်မာပြည်က သတင်းမီဒီယာသမားတွေဟာ တတ်လို့ သတင်းရေးတာ မဟုတ်ဘဲ ငတ်လို့ လုပ်စားတာဖြစ်ကြောင်း ကုမ္ပဏီဟောပြောပွဲတစ်ခုမှာ ပြောခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ ဖေ့ဘွတ်စ်မှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။

အဲဒီလိုပြောဆိုမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာသမားတွေက ပြန်လည်တောင်းပန်ဖို့နဲ့ တောင်းပန်ဖို့ ပျက်ကွက်ရင် တရားစွဲဆိုတဲ့အထိ ဆောင်ရွက်သွားမယ်လို့ ပြောကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ