အမှတ် 44 အစုန်စာပို့ ရထား မ​တော်​တဆမှုဖြစ်​ပွား


27.9.2016 ရက်​​နေ့ နံနက်7း08 နာရီ အချိန်က အမှတ် 44 အစုန်စာပို့ ရထား မန္တလေး - မြစ်ကြီးနားမီးရထားလမ်းမှာ မ​တော်​တဆမှုဖြစ်​ပွားခဲ့ရာ စက်ခေါင်းအမှတ်DD968မှာ ဂျိုး​တောင်​ - နမ်းခမ်းကြား မိုင်​ ၅၅၂/ ၁၇-၁၈ တွင် သံလန်းပေါ်၌ ကန့် လန့် အနေအထား ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။


အဆိုပါ မ​တော်​တဆမှုဖြစ်​ပွားခြင်းကြောင့် လက်ထောက်စက်ခေါင်းမောင်း ဦးမင်းဇော်ဦးမှာ ညာခြေဒူးခေါင်းလည်ထွက်ခဲ့ကြောင်း သိရှိရပါသည်။ ဒဏ်ရာရရှိသူအား ဂျိုးတောင်နာရေးကူညီမှု အသင်းကားဖြင့် ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရှိရပါသည်။

ယဉ်ယဉ်သိန်းနဘား
27.9.2016
PhotoCredit - Ko Lu Chaw /  Ye Htut Zaw
အမှတ် 44 အစုန်စာပို့ ရထား မ​တော်​တဆမှုဖြစ်​ပွား အမှတ် 44 အစုန်စာပို့ ရထား မ​တော်​တဆမှုဖြစ်​ပွား Reviewed by THITHTOOLWIN on 10:56 Rating: 5
Powered by Blogger.