တနင်္သာရီ-ဆင်ဒင်ကျေးရွာ၌ WYစိတ်ကြွဆေးပြား၊ ဆေးရှုကိရိယာနှင့်အတူ သေနတ်နှစ်လက် ရှာဖွေဖမ်းဆီးရမိ


မြိတ် သြဂုတ် ၂၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ရဲဖွဲ့မှူး-ဒု-ရဲမှူးကြီးတင်ထွန်း၏လမ်းညွှန်ချက်အရ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးစောမောင် မှအနီးကပ်ကြီးကြပ်လျက် မြို့မရဲစခန်းမှူး-ဒု-ရဲအုပ်မောင်မောင် ၊ ဒု-ရဲအုပ်နေဝင်းမြင့်၊ ရဲတပ်ကြပ်ကြီး-ကျော်ဆွေ၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှုခင်းအကူမှ ရဲတပ်သားညီညီစိုးနှင့်မြင့်ဦးတို့သည် ဇဝဲကျေးရွာအုပ်စု- အုပ်ချုပ်ရေးမှူး ဦးစိုးငယ် အပါအဝင် ဆင်ဒင်ကျေးရွာ-ရာအိမ်မှူးဦးမြင့်ဦး တို့လိုက်ပါလျက် ဆင်ဒင် ကျေးရွာနေ ဦးသန်းဇော် ၏နေအိမ်တွင် မူးယစ်ဆေးဝါးရောင်းချနေကြောင်းသတင်းအရ သြဂုတ်လ၂၃ ရက်နေ့ နံနက် ၅နာရီ ခွဲ အချိန်က သွားရောက်ရှာဖွေခဲ့ကြသည်။


ထိုသို့ ရှာဖွေရာတွင် ၄င်းဦးသန်းဇော် ၏ နေအိမ်အောက်ထပ်အိပ်ရာပေါ်မှ WY စာတန်းပါ ပန်းရောင် ဆေးပြား(၉)ပြား ၊ အစိမ်းရောင်စိတ်ကြွဆေးပြား(၂)ပြားနှင့် တူမီးယမ်းထောင်းသေနတ်(၁)လက်၊ ဆေးရှုရာတွင် အသုံးပြုသော ဆေးရှုကိရိယာ(တစ်စုံ) ၊ အနက်ရောင်ဖုန်းတစ်လုံး(ဆင်းကတ်မပါ)နှင့် သန်းဇော် ၏နေအိမ်သို့ ရောက်ရှိနေသော အောင်ထွန်း(ခေါ်)နိုင်လင်း ၏ဂျင်းဘောင်းဘီအတွင်းမှ WYစာတန်းပါ ဆေးပြား(၁၉၁)ပြား နှင့် (ကိုးလ်)တံဆိပ်ပါ(၄၅)ပစ္စတိုသေနတ်တစ်လက်အပါအဝင် ၄င်းသေနတ်ကျည်(၄)တောင့်၊ ကျည်အိမ်(တစ်ခု)တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများအား ရောင်းချရန်၊ သုံးစွဲရန်နှင့်တရားမဝင်လက်နက်များ ကိုင်ဆောင်ထားရှိသူ သန်းဇော်(၃ဝ)နှစ် (အဘ)ဦးတင်မွန်၊ဆင်ဒင်ကျေးရွာနေသူနှင့်အောင်ထွန်း(ခေါ်)နိုင်လင်း(၃၇)နှစ်၊ မြိတ်မြို့နယ်-တောင်းရှည်ကျေးရွာနေ (အဘ)ဦးအောင်သန်း တို့(နှစ်ဦး)အား တနင်္သာရီမြို့မရဲစခန်း မယ(ပ) ၂၂/၂ဝ၁၆ ၊ မူး/စိတ်ပုဒ်မ-၁၅/၁၉/(က)/၂၂(ခ)ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့မရဲစခန်းထံမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တနင်္သာရီ-ဆင်ဒင်ကျေးရွာ၌ WYစိတ်ကြွဆေးပြား၊ ဆေးရှုကိရိယာနှင့်အတူ သေနတ်နှစ်လက် ရှာဖွေဖမ်းဆီးရမိ  တနင်္သာရီ-ဆင်ဒင်ကျေးရွာ၌ WYစိတ်ကြွဆေးပြား၊ ဆေးရှုကိရိယာနှင့်အတူ သေနတ်နှစ်လက် ရှာဖွေဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:01 Rating: 5
Powered by Blogger.