ကော့သောင်းမြို့တွင် wy ဆေးပြား(၆၀၀၀၀)နီးပါး ဖမ်းဆီးရမိ


ကော့သောင်း ၊ သြဂုတ် ၁၈ ရက်

ကော့သောင်းမြို့ ၊ ရွှေပြည်စိုးကျေးရွာအုပ်စု ၊ ချောင်းဝကျေးရွာ အနီး မသင်္ကာဖွယ် ဘီးပေါက် ရပ်နားထားသည့် ဆလွန်းကားငယ်တစ်စီးပေါ် မှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွမူးယစ်ဆေးပြား ခြောက်သောင်း(၆၀၀၀၀)နီးပါး ခန့် ဖေါ်ထုတ်သိမ်းဆည်းဆီးရမိသည့်ဖြစ်စဉ်တစ်ခု သြဂုတ်လ ၁၇ ရက်နေ့ နံနက်(၁၀း၃၀)နာရီက ဖြစ်ပွားသည်။


ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက်ပိုင်း က ချောင်းဝကျေးရွာ နှင့်(၁)မိုင်ခန့်အကွာ ၊ကျေးရွာအ၀င်လမ်း၏ ယာဖက်(၁)ဖါလုံခန့် အကွာ ဆောက်လုပ်ရေးလုပ်ငန်းသုံးသဲတူးကွင်း တွင် အဖြူရောင် HONDA ODYSSEYအမျိုးအစား ၊အဖြူရောင်ဆလွန်းကားတစ်စီး မသင်္ကာဖွယ်ရပ်နားထားသည်ကို တွေ့ရှိရသဖြင့် နယ်မြေခံတပ်ရင်း မှတာဝန်ရှိသူ များ၏ ဖုန်းသတင်းပေးပို့ချက်အရ ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြတ်အောင် ၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး ၊ကော့သောင်းမူးယစ်တပ်ဖွဲ့စု နှင့် ကျေးရွအုပ်ချုပ်ရေးအဖွဲ့ ၊ သက်သေများအပါအ၀င် ပူးပေါင်းအဖွဲ့ဖြင့် သွားရောက် စစ်ဆေးရှာဖွေရာ ၀ဲဖက်ရှေ့ဘီးပေါက်ကာဘက်ထရီအိုးဖြုတ်ထားလျှက် ပြင်ဆင်ဆဲပုံသဏ္ဍာန်ဖြင့်ရပ်နားထားသည့် ကားအတွင်း အနောက်ဖက်အခင်းပြားအောက် ၊ ၀ဲဖက်အရှေ့ထိုင်ခုံ ခြေနင်းပြားအခင်းအောက် ၊ ၀ဲဖက်အနောက်ထိုင်ခုံTooL Box များ အတွင်းမှ စက္ကူပလပ်စတစ်များဖြင့်ထုတ်ပိုးထားသည့် အထုတ်ကြီးပေါင်း(၆)ထုတ် တွေ့ရှိရပြီး ဖွင့်ဖေါက်စစ်ဆေးရာ အပြာရောင်ပလပ်စတစ်အိပ်ငယ်များဖြင့်ထုတ်ပိုးထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွမူးယစ်ဆေးပြား ၅၉၇၄၅ပြား(အလေးချိန် ၅.၉၇၄၅ ကီလိုဂရမ်)၊တန်ဖိုး (၂၉၈၇၂၅၀၀၀)ကျပ် ခန့် ဖေါ်ထုတ်သိမ်းဆည်းဆီးရမိခြင်းဖြစ်သည်။


တာဝန်ရှိသူများ စစ်ဆေးချက်အရ အဆိုပါဆေးပြားများအား ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်နေ တင်စိုး(ခ)နောင်မဲ ၏ စေခိုင်းချက်အရ သဲတူးကွင်းလုပ်ကွက်တွင်လုပ်ကိုင်သူ များဖြစ်သည့် ဖြိုးမြတ်ကျော်ဦး(ခ)စုစု (ချောင်းဝကျေးရွာ) ၊ လူနိုင်အောင်သန်း(ပိတောက်ရွှေဝါရပ်ကွက်) ၊ ရန်နိုင်ဦး (အဏ္ဍ၀ါရပ်ကွက်) ၊ ဘော်လုံး (ချောင်းဝကျေးရွာ) ၊ ကျော်လှိုင်ဦး(ကားပိုင်ရှင်-ဖေါသုတ်ကျေးရွာ)တို့ ပူးပေါင်းကာ ကော့သောင်းမြို့တွင်းမှ တဆင့် နည်းလမ်းအမျိုးမျိုးဖြင့် သယ်ယူကာ ဖမ်းဆီးရမိသည့် ချောင်းဝကျေးရွာ သဲတူးကွင်း အနီး ပြင်ဆင်ဆဲကားအတွင်း လျှို့ဝှက်သိမ်းဆည်းထား ရာမှတဆင့် ဖေါ်ထုတ်သိမ်းဆည်းရမိခြင်းဖြစ်သည်။


အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကွင်းဆက်တရားခံများဖြစ်သည့် ဖြိုးမြတ်ကျော်ဦး(ခ)စုစု (ချောင်းဝကျေးရွာ) ၊ လူနိုင်အောင်သန်း(ပိတောက်ရွှေဝါရပ်ကွက်) ၊ ရန်နိုင်ဦး (အဏ္ဍ၀ါရပ်ကွက်) ၊ ကျော်လှိုင်ဦး(ကားပိုင်ရှင်-ဖေါသုတ်ကျေးရွာ)တို့(၄)ဦးအား နေ့ခြင်း ဖမ်းဆီးဖေါ်ထုတ်နိုင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူများဖြစ်သည့် စတင်ခိုင်းစေသူ တင်စိုး(ခ)နောင်မဲ(ပိတောက်ရွှေဝါရပ်ကွက် ) နှင့် ဘောလုံး(ချောင်းဝကျေးရွာ) ဆိုသူ နှစ်ဦး အား ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ နှင့် မူးယစ်တပ်ဖွဲ့စု မှ တာဝန်ရှိသူများ ဆက်လက်စုံစမ်း ဆောင်ရွက်လျှက်ရှိကာ စုစုပေါင်းတရားခံ(၆)ဦးအား မမစ(ကသမ)မယ(ပ)၆၇/၂၀၁၆၊ မူး /စိတ်ပုဒ်မ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။

Source > Iprd Kawthoung
ကော့သောင်းမြို့တွင် wy ဆေးပြား(၆၀၀၀၀)နီးပါး ဖမ်းဆီးရမိ   ကော့သောင်းမြို့တွင် wy ဆေးပြား(၆၀၀၀၀)နီးပါး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 14:36 Rating: 5
Powered by Blogger.