World Visionရဲ့ ငွေသုံးပြီး Hamas ကို ထောက်ပံ့လို့ဆို

ဂါဇာဒေသရဲ့ World Vision မန်နေဂျာ Mohammed Al Halabi (Credit: Reuters) 
World ​Vision ​ပရဟိတ ​ငွေကြေးတွေကို ​အသုံးပြုပြီး ​ဂါဇာဒေသရဲ့ ​World ​Vision ​မန်နေဂျာက ​ဟားမတ်စ် ​စစ်သွေးကြွအဖွဲ့ကို ​ထောက်ပံ့တယ်လို့ ​အစ္စရေးက ​စွပ်စွဲပြီး ​အရေးယူလိုက်ပါတယ်။

Gaza ​ဒေသက ​World ​Vision ​အကြီးအကဲ ​Mohammad ​Al ​Halabi ​ဟာ ​သန်းနဲ့ချီတဲ့ ​ပရဟိတ ​အဖွဲ့ရဲ့ ​ငွေကြေးကို ​ယူပြီး ​ဟားမတ်စ်ကို ​ထောက်ပံ့ခဲ့တာလို့ ​အစ္စရေးက ​ပြောပါတယ်။

၂၀၁၀ ​ပြည့်နှစ်နောက်ပိုင်း ​World ​Vision ​ရဲ့ ​နှစ်စဉ် ​ဘတ်ဂျက်ရဲ့ ​၆၀% ​ကို ​ဟားမာစ်ကို ​ထောက်ပံ့ခဲ့တာလို့ ​အစ္စရေးက ​ပြောပါတယ်။

အဲဒီလို ​စွပ်စွဲချက်ကြောင့် ​သြစတြေးလျ ​အစိုးရက ​ပါလစ္စတိုင်းကို ​ပေးနေတဲ့ ​ထောက်ပံ့ကြေးတွေကို ​ရပ်ဆိုင်းလိုက်ပြီ ​ဖြစ်ပါတယ်။

သြစတြေးလျ ​အစိုးရက ​လွန်ခဲ့တဲ့ ​သုံးနှစ်အတွင်း ​ဂါဇာဒေသ ​ဖွံ့ဖြိုးတိုးတက်ရေးအတွက် ​ဒေါ်လာ ​၅ ​သန်းကျော် ​ထောက်ပံ့ခဲ့တာ ​ဖြစ်ပါတယ်။

World ​Vision ​Australia ​ရဲ့ ​အကြီးအကဲ ​Tim ​Costello ​ကတော့ ​ဂါဇာဒေသက ​မန်နေဂျာ ​တစ်ဦး ​အခုလို ​အလွဲသုံးစားမှု ​လုပ်တယ်ဆိုတာကို ​ကြားရတာ ​အင်မတန် ​အံ့အားသင့်ရတယ်လို့ ​ပြောပါတယ်။

အစ္စရေးကနေ ​ဖမ်းဆီးထားတဲ့ ​Mohammad ​Al ​Halabi ​ဟာ ​ရက်ပေါင်း ​၅၀ ​ကြာ ​အစ္စရေးတို့ရဲ့ ​ဖမ်းဆီးမှုကို ​ခံရပြီး ​မိသားစုနဲ့ ​တွေ့ခွင့်မရသလို ​World ​Vision ​အမှုထမ်းတွေနဲ့လည်း ​တွေ့ခွင့် ​မရသေးဘူးလို့ ​ဆိုပါတယ်။

ရှေ့နေမပါပဲ ​ထိန်းသိမ်းခံရတာ ​ဖြစ်လို့ ​နှစ်ဦးနှစ်ဖက်ရဲ့ ​တင်ပြချက်တွေကို ​သိရှိဖို့ ​အရေးကြီးတယ်လို့ ​ပြောလိုက်ပါတယ်။

World ​Vision ​အနေနဲ့ ​အကူအညီပေးသင့်တဲ့ ​လူတွေရဲ့ ​လက်ထဲ ​အကူညီတွေ ​ရောက်မရောက်ဆိုတာကို ​အမြဲတမ်း ​စစ်ဆေးသူတွေရှိပြီး ​လုပ်ဆောင်ရမယ့်အတိုင်း ​လုပ်ဆောင်လေ့ရှိတယ်လို့ ​ပြောသွားခဲ့ပါတယ်။

ပရဟိတ ​လုပ်ငန်းကို ​စောင့်ကြည့်တဲ့ ​အဖွဲ့တွေကတော့ ​ပြည်ပက ​ပရဟိတ ​စီမံကိန်းတွေကို ​အသေးစိတ် ​လိုက်လံ ​စောင့်ကြည့်ဖို့ ​အခက်အခဲတွေ ​ရှိတတ်တယ်လို့ ​မှတ်ချက်ပြုလိုက်ပါတယ်။

By Middle East correspondent Sophie McNeill
ABC Radio Australia
http://www.radioaustralia.net.au/burmese
World Visionရဲ့ ငွေသုံးပြီး Hamas ကို ထောက်ပံ့လို့ဆို  World Visionရဲ့ ငွေသုံးပြီး Hamas ကို ထောက်ပံ့လို့ဆို Reviewed by THITHTOOLWIN on 15:58 Rating: 5
Powered by Blogger.