UN က “ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်”ကို ထောက်ခံ


ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကုလသမဂ္ဂအနေနဲ့ အပြည့်အ၀ ထောက်ခံကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

ဒီကနေ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ဘန်ကီမွန်းက ပြောခဲ့တာပါ။


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဥက္ကအဖြစ် တာဝန်ယူတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကုလသမဂ္ဂမှာ တာဝန်ယူဘူးတဲ့ ပြည်ပပညာရှင် ၂ ဦး ၊ ဥက္ကအဖြစ် တာဝန်ယူတဲ့ မစ္စတာ ကိုဖီအာနန်နဲ့ ပြည်တွင်းက လူပုဂ္ဂိုလ် ၆ ဦး စုစုပေါင်း ၉ ဦးနဲ့ သြဂုတ်လ ၂၄ ရက်နေ့က ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ အဲဒီ ကော်မရှင်ရဲ့ တာဝန်ဟာ ရခိုင်ပြည်နယ်ဆိုင်ရာ လေ့လာတွေ့ရှိချက်တွေကို ၁ နှစ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကနေ တဆင့် အစိုးရထံ အကြံပြုချက် တင်ပြရမှာ ဖြစ်ပါတယ်။ အဲဒီကနေ ပြည်သူတွေသိရှိနိုင်ရေးအတွက် အစီရင်ခံစာတွေကို ထုတ်ဝေ ဖြန့်ချီရမယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

( ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ်လ ၃၀ ရက်နေ့က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ပူးတွဲသတင်းစာရှင်းလင်းနေစဉ် ) Photo: Myo Thant Khaing/ RFA
အဲဒီကော်မရှင်ကို ဖျက်သိမ်းပေးဖို့ ရခိုင်အမျိုးသားပါတီ ANP က တောင်းဆိုထားသလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDPကလည်း စောင့်ကြည့်သွားမယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက ငြိမ်းချမ်းရေးအတွက် အစိုးရအနေနဲ့ ဘယ်ထောက်အထိ လိုက်လျောဖို့ ပြင်ဆင်ထားပါသလဲလို့ မေးမြန်းရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တတ်နိုင်သလောက် များများတက်နိုင်အောင်လို့ လုပ်ပေးမှာ ဖြစ်ကြောင်း ၊ တက်တယ်၊ မတက်ဘူးဆိုတာက ကာယကံရှင်တွေက ဆုံးဖြတ်ကြရမှာ ဖြစ်ကြောင်း ပြောပါတယ်။

မစ္စတာ ဘန်ကီမွန်းဟာ သြဂုတ်လ ၃၁ ရက်နေ့ မနက်ဖြန် မနက်ပိုင်းမှာ စတင်ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ တက်ရောက်စကားပြောကြားမှာ ဖြစ်ပါတယ်။ ၂၁ရာစု ပင်လုံညီလာခံဟာ သြဂုတ်လ ၃၁ ရက်နေ့ကနေ စက်တင်ဘာလ ၄ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
UN က “ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်”ကို ထောက်ခံ UN က “ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်”ကို ထောက်ခံ Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.