ရီပါပလေကန် သမ္မတလောင်း Donald Trump က အမေရိကန် ထောက်လှမ်းရေးတွေ လုပ်ဆောင်တဲ့ လုပ်ငန်းတွေကို ပထမဆုံးအကြိမ် လေ့လာခွင့် ရခဲ့ပါတယ်။
သမ္မတလောင်းအဖြစ် ရွေးချယ်ခံရတဲ့ လူတွေအနေနဲ့ ထောက်လှမ်းရေးတွေရဲ့ လုပ်ငန်းအကြောင်း သိခွင့်ရရှိတာ ဖြစ်ပြီး ဟီလာရီ ကလင်တန်နဲ့ Donald Trump တို့ကို ထောက်လှမ်းရေး အကြီးအကဲတွေက သီးသန့်စီ တွေ့ဆုံမှု လုပ်တာ ဖြစ်ပါတယ်။
သမ္မတလောင်းတွေ အနေနဲ့ အရေးကြီးတဲ့ နိုင်ငံတော် လျို့ဝှက်လုပ်ငန်းတွေကို သိခွင့်ရကြပေမယ့် အင်မတန်ကို အရေးကြီးပြီး ထိလွယ်ရှလွယ်တဲ့ အချက်အလက်နဲ့ အခုလောလောဆယ် လျို့ဝှက်စုံစမ်းနေသေးတဲ့ လှုပ်ရှားမှုတွေကိုတော့ ပြောပြခြင်းမရှိဘူးလို့ သိရပါတယ်။
Donald Trump နဲ့အတူ အဓိက အကြံပေး Chris Christie နဲ့ စစ်ဗိုလ်ချုပ်ဟောင်း Michael Flynn တို့လည်း ထောက်လှမ်းရေးရုံးချုပ်ကို သွားခွင့်ရခဲ့ပါတယ်။
အမေရိကန် သမ္မတ ဘာရက်အိုဘားမားကတော့ နိုင်ငံတော်ရဲ့ လျို့ဝှက်အချက်အလက်တွေကို Donald Trump လိုလူကို အသိပေးတာ စိုးရိမ်စရာ ဖြစ်နိုင်တယ်လို့ ပြောဆိုထားတာ ရှိပါတယ်။
သမ္မတဖြစ်ချင်ရင် သမ္မတလို နေထိုင် ပြုမှု ဆက်ဆံရမယ့်အကြောင်း၊ ဒီလို လျို့ဝှက်အချက်အလက်တွေသိပြီး ပေါက်ကြားအောင် မလုပ်မိဖို့က အရေးကြီးတယ်လို့ ပြောသွားခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ထောက်လှမ်းရေး လုပ်ဆောင်ချက်ကို Trump လေ့လာခွင့်ရ
Reviewed by THITHTOOLWIN
on
13:22
Rating:
