မိုးကုတ်မြို့နယ်မှာ TNLA တပ်က တပ်သားသစ် ခေါ်ယူစုဆောင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တပ်ဖွဲ့ဝင်တချို့ ကင်းလှည့်နေစဉ်။ Photo: Kan Thar/RFA
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ပိန်းပြစ်ကျေးရွာအုပ်စုက ဒေသခံပလောင်တိုင်းရင်းသား ၃၀ နီးပါးကို ပြီးခဲ့တဲ့ ဇူလိုင်လ၂၅ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဟာ တအာင်းလွတ်မြောက်ရေး တပ်မတော် PSLF/TNLA ဖြစ်တယ်လို့ TNLA  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က အတည်ပြုပြော ပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးအတွက် ပလောင်တိုင်းရင်းသားတွေ လက်နက်ကိုင်တပ်ဖွဲ့ထဲမှာ ပါဝင်ဖို့ခေါ်ဆောင်တာဖြစ်တယ်လို့ PSLF/TNLA က  ဗိုလ်မှူးတာအိုက်ကျော်က ပြောပါတယ်။

လက်ရှိ ပိန်းပြစ်ကျေးရွာမှာ အစိုးရတပ်မတော်က လုံခြုံရေးရယူပေးထားတာကြောင့် မိုးကုတ်မြို့ပေါ် ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံပလောင် တိုင်းရင်းသားတွေလည်း နေရပ်ကို ပြန်သွားကြပြီ လို့ မိုးကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင် က ပြောပါတယ်။

တအာင်းလွတ်မြောက်ရေးတပ်မတော်ဟာ အရင်က မိုးကုတ်မြို့နယ်အတွင်းမှာ တပ်သားစုဆောင်း တာ မရှိဘဲ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ်တွေ က ပလောင်တိုင်းရင်းသား ဒေသခံ တွေကိုသာ တပ်သားအနေနဲ့ စုဆောင်းခဲ့တာ ဖြစ်ပါတယ်။

TNLA ရဲ့ တပ်သားသစ် စုဆောင်းရေးမူဝါဒမှာ ပလောင်တိုင်းရင်းသား အိမ်ထောင်စုတိုင်းမှာ အသက် ၁၈ နှစ်ပြည့်ပြီး အမျိုးသားနှစ်ဦးရှိရင် တစ်ဦးက တအာင်း လွတ်မြောက်ရေး တပ်မတော်ကို ဝင်ရမယ် ဆိုတဲ့ အချက်ပါရှိပြီး ကျန်းမာရေးမကောင်းဘူးဆိုရင် ကင်းလွတ်ခွင့်ပေးတယ်လို့ ဗိုလ်မှူးတာ အိုက်ကျော် က ပြောပါတယ်။

တပ်သားအဖြစ်စုဆောင်းခံရတဲ့ တပ်ဖွဲ့ဝင်တွေကို ပုံမှန်လစာနဲ့ ထောက်ပံ့ကြေးပေးတာမရှိဘဲ လိုအပ်ချက်ရှိမှ သာ ထောက်ပံ့တာမျိုးဆောင်ရွက်ပေးတာဖြစ်တယ် လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ