နမ္မတူမြို့နယ် ရွာသားသုံးဦးသတ်ခံရသည့်ကိစ္စ ပြည်သူ့အတွက်တရားဥပဒေ ကာကွယ်ပေးမှုကင်းမဲ့ ဟု SNLD ပြော


ဩဂတ်စ်လ ၁၇ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စုတွင် ဒေသခံ ၃ ဦး သတ်ဖြတ် ခံရကာ အလောင်း အား တောတွင်းတနေရာ တွင်မြှုပ်နှံခံထားရသည့် ကိစ္စ သည် ပြည်သူ့အတွက် တရားဥပဒေ အကာ အကွယ်ပေးမှု၊ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေသည်ဟု ကျားခေါင်းပါတီက ပြောသည်။

နမ္မတူမြို့နယ် ကောင်းဟုန်းရွာသား ၃ ဦး ဩဂတ်စ်လ ၁ ရက်နေ့က မှိုရှာ ထွက်ရင်း ပျောက်ဆုံး သွားဖြင့် မိဘဆွေမျိုး၊ ရပ်မိရပ်ဖများပါဝင်သည့် ရွာသား ၂၀ နီးပါးက လိုက်ရှာရာ ဩဂတ်စ်လ ၄ ရက်နေ့က နမ္မတူမြို့နယ် ဝမ့်မိုင် နှင့် ဆာမ်ခါရွာ ကြားရှိ တောအတွင်း ဝါးတောတွင် မြုပ်နှံထား သော အလောင်း များကိုတွေ့ရသည်။
ဓါတ်ပုံ- နမ္မတူမြို့နယ် ဝမ့်မိုင် နှင့် ဆာမ်ခါရွာ ကြားရှိ တောအတွင်း ဝါးတောတွင် မြုပ်နှံထား သော အလောင်း များကိုတွေ့ရှိတူးဖော်နေစဉ်
မှိုရှာဖို့ထွက်သွားသည့်ဒေသခံ ၃ ဦးမှာ အိမ်ပြန်မရောက်လာသည့်အတွက် မိသားစုဝင်များက ရပ်မိရပ်ဖ များနှင့်အတူ လိုက်လံရှာဖွေကြောင်း၊ သေဆုံးသူ အလောင်းအား ၄၊၈၊ ၂၀၁၆ ရက် နေ့ကတွေ့ဆုံကြောင်း၊ နှစ်လောင်းတကျဉ်း၊ တလောင်းတကျဉ်း မြှုပ်ထားကြောင်း၊ သေဆုံး သူတဦး၏ မိသားစုဝင် တဦးဖြစ်သည့် စိုင်းအိုက်ထွန်း ကပြောသည်။

“ အခုတလောတင်မကဘူး ပြီးခဲ့တဲ့ ၂-၃ လ ကတည်းက ဖြစ်ပေါ်ခဲ့တဲ့ လူသတ် မှုတွေဟာ လုံးဝမ တရားတဲ့ကိစ္စဖြစ်တယ်….. အဲဒီကိစ္စတွေဟာ တရားဥပဒေ စိုးမိုးမှု မရှိဘူးဆိုတာကို ပြသနေပါတယ်။ အဲဒါကြောင့်မို့လို့ ပြည်ထောင်စု အစိုး ရ နဲ့ သျှမ်းပြည်နယ်အစိုးရကိုယ်တိုင် ဒီကိစ္စအပေါ် ဖိဖိ စီးစီးနဲ့ တာဝန် ယူလုပ်ေ ပးဖို့ လိုအပ်တယ်။ နောက်သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့ အစည်းေ တွ ဟာ လဲပဲ လူသားအခွင့်အရေး၊ လူ့အခွင့်အရေးကိုလေးစားလိုက်နာပြီးတော့ ကျင့် သုံး ရမယ့်စစ်စည်း ကမ်း စစ်ကျင့်ဝတ်ဥပဒေကို စောင့်ထိန်းဖို့ အားလုံးကို တိုက်တွန်းလိုပါတယ်…. ” ဟု ကျားခေါင်းပါတီ ပြောခွင့်ရ စိုင်းလိတ် ကပြော သည်။

လက်သည်မပေါ်ဘဲ သတ်ခံရသည့် နမ္မတူမြို့နယ်က သျှမ်းတောင်သူသုံးဦးမှာ မန့်စံကျေးရွာအုပ်စု ဒေသ ကောင်းဟုန်းရွာသား (ဦး) လုံးပေါ်ခမ်း (အသက် ၅၆ နှစ်) ၊ (ဦး) စိုင်းအိုက်ပန် (အသက် ၃၁ နှစ်)နဲ့ (ဦး) စိုင်းအိုက်ထွေး ( အသက် ၂၄ )နှစ် တို့ ဖြစ်သည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ပြန်ကြားရေး သတင်းဌာနက “ သေဆုံးသူ သုံးဦး အနက် နှစ်ဦးဟာ သျှမ်းပြည်တိုး တက်ရေးပါတီ SSPP/SSA တပ်ဖွဲ့ဝင် ဖြစ်တယ်” ဟု သ တင်းထုတ်ပြန်ထား ပါသည်။

“ဒီကိစ္စက ကျနော်တို့ စစ်ဆေးရေးကော်မတီ ဖွဲ့ပြီး စစ်ဆေးသွားဖို့ ရှိတယ်။ ဘယ်သူဘဲဖြစ်ဖြစ်ပြစ်မှု ကျူးလွန်ရင်တော့ ကျနော်တို့မှာ ရှိသည့် တရားဥပဒေ အတိုင်း လုပ်ဆောင်သွားမှာဖြစ်တယ်” - ဟု SSPP/SSA ဝမ့်ဟိုင်းဌာန ချုပ် ပြန်ကြားရေး အရာရှိ ကြီးတဦးက ပြောသည်။

“လက်သည်တော့ခုထိ မသိသေးဘူး။ လွှတ်တော်အမတ်တွေ နိုင်ငံရေးပါတီ ဘက်ကတော့ ကူညီပေးနေပါတယ်။ ဒီဘက်မှာလည်းလက်နက် ကိုင်တပ်ဖွဲ့ က တော်တော်များနေတော့ ။ အက်တာကို လက်သည်ဖော်ပေးဖို့နဲ့ တရားမျှတ စွာဖြေရှင်းပေးဖို့။ လူမှုအဖွဲ့အစည်းကော၊ နိုင်ငံရေးပါတီကော၊ သက်ဆိုင်ရာ အာဏာပိုင်တွေကိုရော စာရေးသားပေးပို့ဖို့ပြင်ဆင်နေကြတယ်၊ လက်နက် ကိုင်တပ်တခုနေ နေတဲ့ နေရာနဲ့သိပ်မဝေးဘူး၊ အလောင်းတွေ့တာက ” - ဟု အလောင်းများအား ရှာဖွေရာတွင် ပါဝင်သည့် (ဦး)လုံးမောင်ကပြောသည်။

နမ္မတူမြို့နယ် မန်စံအုပ်စုတွင် အဆိုပါ သတ်ဖြတ်မှုဖြစ်ပွါးသကဲ့ သို့ ပျောက် ဆုံးေ န သည့် နမ့်တောင်ကုန်းရွာသား ၏မီးရှို့ခံထား ရသည့်အလောင်း ကိုလည်း သတ်ဖြတ်မှုလက်သည်မသိရသေးဘဲ ညောင်မောင်းရွာအနီး တွင်တွေ့ရှိရကြောင်း နမ္မတူဒေသခံများပြောပြချက်အရသိရသည်။

နမ္မတူမြို့နယ်အတွင်းတွင် အစိုးရတပ်မတော် တပ်ဖွဲ့များအပြင် သျှမ်းလက် နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ဖြစ်သည့် RCSS/SSA , SSPP/SSA ၊ တအာင်း လက်နက် ကိုင်တပ်ဖွဲ့ TNLA၊ ကချင်လွတ်လပ် ရေးတပ်ဖွဲ့ KIA တို့လည်း ရံဖန်ရံခါ မဟာမိတ်တပ်များနှင့် အတူ ရောက်ရှိလှုပ်ရှားနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဂျွန်လ ၂၅ ရက်နေ့က လားရှိုးမြို့အရှေ့ဘက် မိုင် ၃၀ ခန့်အကွာ ရှိမိုင်းယော်တိုက်နယ်တွင်လည်း သတ်ဖြတ်ခံရသည့် ဒေသခံရွာ သား အလောင်း ၇ လောင်းအနက် ၅ လောင်းမှာ ၎င်းတို့စစ်ကြောင်း၏လက် ချက်ဖြစ်ေ ကြာင်း အစိုးရတပ်မတော်ဘက်က ဝန်ခံထားသည်။

သျှမ်းသံတော်ဆင့်/ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
နမ္မတူမြို့နယ် ရွာသားသုံးဦးသတ်ခံရသည့်ကိစ္စ ပြည်သူ့အတွက်တရားဥပဒေ ကာကွယ်ပေးမှုကင်းမဲ့ ဟု SNLD ပြော  နမ္မတူမြို့နယ် ရွာသားသုံးဦးသတ်ခံရသည့်ကိစ္စ ပြည်သူ့အတွက်တရားဥပဒေ ကာကွယ်ပေးမှုကင်းမဲ့ ဟု SNLD ပြော Reviewed by THITHTOOLWIN on 02:03 Rating: 5
Powered by Blogger.