အိန္ဒိယအစိုးရတပ်နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN(K) တို့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိ


အိန္ဒိယအစိုးရတပ်နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN(K) တို့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မီဒီယာအချို့က မှားယွင်းဖော်ပြခဲ့မှုနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ သြဂုတ်လ ၂၁

မြန်မာနိုင်ငံနယ်စပ်တွင် သြဂုတ်လ ၁၉ ရက်နေ့က အိန္ဒိယ အစိုးရတပ်နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN(K) တို့ ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အိန္ဒိယအစိုးရတပ်က ထိခိုက် အကျအဆုံးများကြောင်း၊ အနည်းဆုံးလူ ၃၀ ခန့်ရှိသည့် အိန္ဒိယ အစိုးရတပ်များက မြန်မာနိုင်ငံ ဧရိယာ အတွင်းထိ ၀င်ရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရတပ်ဖွဲ့များသည် လေထီးတပ်သား ၁၂ ဦးကို အရင်ဝင်ရောက်ပြီးမှ ကျန်မြေပြင်တပ်က မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာကြောင်း စသည့်ဖြင့် အိန္ဒိယအစိုးရ၏တပ်က မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း စစ်ဆင်းရေးတစ်ခု ပြုလုပ်ခဲ့ကြောင်း၊ နာဂတပ်ဖွဲ့ကထုတ်ပြန်သည့် သတင်းဇစ်မြစ်ကို ကိုးကား၍ ပြည်တွင်း အင်တာနက်သတင်းနှင့် အိန္ဒိယသတင်းမီဒီယာအချို့က ရေးသား ဖော်ပြခဲ့သည်ကို စိစစ်တွေ့ရှိရပါသည်။

မြေပြင် သတင်းစိစစ်ချက်များအရ သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်မှ ၉ နာရီအထိ NSCN(K) အဖွဲ့နှင့် NSCN(IM) အဖွဲ့တို့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်မှတ်တိုင်အမှတ် ၁၅၁ ၏ အနောက်ဘက် ၁မိုင်ခန့်အကွာ အိန္ဒိယနိုင်ငံအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကြားရကြောင်း၊ ရွှေလောကျေးရွာ ခန့်မှန်း မြေပုံညွှန်း (GE-၁၄၈၃၆၀) အုပ်ချုပ်ရေးမှူးက ယမ်းကြုံးကျေးရွာ ခန့်မှန်း မြေပုံညွှန်း (GE-၂၅၇၄၁၅) ရှိ တပ်မတော် စစ်ကြောင်းထံသို့ သတင်းပေးပို့ခဲ့ပါသည်။ သတင်းရရှိလျှင် ရရှိခြင်း နှစ်နိုင်ငံနယ်စပ်မျဉ်းအနီး ကျယ်ပြန့်စွာလှုပ်ရှားနေသည့် တပ်မတော်စစ်ကြောင်းများမှလည်း မိမိနယ်မြေအလိုက် တစ်ဖက်နိုင်ငံမှ လက်နက်ကိုင်အဖွဲ့အစည်းများ ၀င်ရောက်လာမှုမရှိစေရေး ပိတ်ဆို့ထားပြီး စောင့်ကြည့်လျက်ရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပတ်သက်၍ မိမိနိုင်ငံကို အခြေပြုကာ တစ်ဖက်နိုင်ငံအစိုးရကို နှောင့်ယှက်ဖျက်ဆီးသည့် မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းကိုမဆို နယ်မြေအသုံးချခွင့်မပြုကြောင်း၊ အားမပေးကြောင်း၊ လက်မခံကြောင်းတို့အား နှစ်နိုင်ငံ တပ်မတော် ခေါင်းဆောင်များ အချင်းချင်းတွေ့ဆုံ ဆွေးနွေးစဉ်တိုင်းတွင် အလေးအနက်ထား ပြောကြားလျက်ရှိပါသည်။ ၎င်းအပြင် မြန်မာ့တပ်မတော်အနေဖြင့်လည်း နှစ်နိုင်ငံတပ်မတော် အချင်းချင်း နယ်စပ် တပ်စခန်းအဆင့် ဆွေးနွေးပွဲများပြုလုပ်၍ တပ်မတော်အချင်းချင်း မိမိနယ်မြေအလိုက် အပြိုင်ကင်းလှည့်ခြင်း၊ သတင်းဖလှယ်၍ အထောက်အကူပြု ဆောင်ရွက်ခြင်းများလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ အိန္ဒိယအစိုးရတပ်နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN(K) တို့ မိမိနိုင်ငံနယ်နိမိတ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
https://www.facebook.com/Cincds

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ