တောင်ဦး NLD ဥက္ကဋ္ဌ လက်ပစ်ဗုံးဖြင့် အပစ်ခံရ

ဓာတ်ပုံ / ဖိုးသီဟ
 သြဂုတ် ၁၅

ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာမှ NLD ပါတီ ဥက္ကဋ္ဌနေအိမ်အား သြဂုတ်လ ၁၅ ရက် နံနက် ၄ နာရီအချိန်က လက်ပစ်ဗုံးဖြင့် အပစ်ခံခဲ့ရကြောင်းသိရသည်။

လက်ပစ်ဗုံးဖြင့်အပစ်ခံရသည့် တောင်ဦးကျေးရွာ NLD ပါတီဥက္ကဋ္ဌမှာ ဦးကျော်သန်း ဖြစ်ပြီး နေအိမ်နှင့် လ္ဘရည်ဆိုင်နှင့်တွဲလျက် ဆောက်ထားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဦးကျော်သန်းမှာ မိသားစုများနှင့်အတူ နေအိမ်နှင့်တွဲဆောက်ထားသည့် လ္ဘရည်ဆိုင်တွင်အိပ်ပျော်နေစဉ် ဆိုင်ခန်းတံခါးအားတွန်းဖွင့်သံကြား၍ထကြည့်ရာ လူတစ်ဦးက နေအိမ်ဆိုင်ခန်း အတွင်းသို့ တစ်စုံတစ်ခုဖြင့်ပစ်ပေါက်ပြီး မြောက်ဦးမြို့ဘက်သို့ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်းသိရသည်။ ၄င်းမှပစ်ပေါက်ခဲ့သည်ကို မသင်္ကာ၍သွားကြည့်ရာတွင် လက်ပစ်ဗုံး ၁ လုံးတွေ့ရှိရကြောင်းသိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တိမ်ညိုရဲစခန်းမှ နံနက် ၆နာရီအချိန်တွင် သွားရောက်စစ်ဆေးခဲ့ရာ လက်ပစ်ဗုံးမှာ နေအိမ် လ္ဘရည်ဆိုင်အတွင်း မြေပြင်ပေါ်၌တွေ့ရှိရကြောင်း၊ လက်ပစ်ဗုံးမှာ ပတ်လည် (၅)လက်မခန့်၊ အမြင့် (၃)လက်မ ရှိပြီး (၉၁)လက်ပစ်ဗုံးဟုထင်ရသော အစိမ်းရောင်လက်ပစ်ဗုံးအား စနက်တံဖြုတ်လျက် တွေ့ရှိရကြောင်း တိမ်ညိုရဲစခန်းမှ သိရသည်။

ဦးကျော်သန်းနေအိမ်အား ပစ်ခတ်သွားသည့် လက်ပစ်ဗုံးကို ကျောက်တော်အခြေစိုက် ခမရ ( ၃၇၅ ) ခြေမြန်တပ်ရင်းမှ ဖောက်ခွဲရှင်းလင်းခဲ့ပြီး တရားခံအား သက်ဆိုင်ရာများမှ စုံးစမ်း ဆောင်ရွက်လျက် ရှိသည်။

ခိုင်မင်းညို
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
တောင်ဦး NLD ဥက္ကဋ္ဌ လက်ပစ်ဗုံးဖြင့် အပစ်ခံရ  တောင်ဦး NLD ဥက္ကဋ္ဌ လက်ပစ်ဗုံးဖြင့် အပစ်ခံရ Reviewed by THITHTOOLWIN on 21:18 Rating: 5
Powered by Blogger.