(KNPF) တပ်ဖွဲ့ဝင်ကို သတ်ဖြတ်သူအား လွဲပြောင်းပေးရန် ကော့ကရိတ်မြို့ မရဲတပ်ဖွဲ့ကို (KNU) တောင်းဆို

ပုံစာ - ဒူးပလာယာခရိုင်ရဲမှူးကြီးစောတိတုနှင့် ရဲအရာရှိအချို့ ။
သြဂုတ် - ၉ - ၂၀၁၆

ကရင်အမျိုးသားရဲတပ်ဖွဲ့ဝင် စောခင်ရွေကို ယမန်နေ့မွန်းလွဲပိုင်းက သတ်ဖြတ်ကာ ကော့ကရိတ်မြို့ မရဲစခန်းတွင် သွားရောက်အဖမ်းခံခဲ့သည့် စောဖူဖူ ကို ပြန်လွဲပေးရန် (KNU) ပြည်ထဲရေးနှင့်သာသနာရေးဌာနမှူး ပဒိုစောအားတိုးက ကော့ကရိတ်ရဲတပ်ဖွဲ့ကို ယနေ့တောင်းဆိုလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) က မိမိတို့ပြဌာန်းထားသည့် တရားဥပဒေအတိုင်းသာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စောဖူဖူကို လွှဲပြောင်းပေးရန် ကော့ကရိတ်မြို့ မရဲစခန်းမှ နယ်ထိန်းဖြစ်သူမျိုးမင်းထွန်းထံသို့ ယနေ့တွင် ဆက်သွယ်အကြောင်းကြားလိုက်ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ (KNU) ပြည်ထဲရေးဌာနမှူးက ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်ရန် ကော့ကရိတ်မြို့ မရဲစခန်းသို့ ကရင်အမျိုးသားရဲတပ်ဖွဲ(KNPF) ဒူးပလာယာခရိုင်ရဲမှူးကြီးစောတိတုကို စေလွတ်လိုက်ပြီးဖြစ်သည်။

အခင်းဖြစ်ပွားမှုမှာ အိမ်တွင်းအကြမ်းဖက်မှုနှင့်ဆက်စပ်၍ စောဖူဖူ ကို ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF) ၏ ဒုတပ်ကြပ်တဦးဖြစ်သည့် စောခင်ရွှေက သွားရောက်ပြောဆိုဟန့်တားမှုများကို မကျေနပ်သဖြင့် ယမန်နေ့က အလစ်ချောင်းကာ သေဆုံးသူ၏လည်ပင်းကို နောက်ကျောမှ ဓားဖြင့်ခုတ်သတ်လိုက်ခြင်းဖြစ်သည်ဟု အခင်းဖြစ်သည့် ကော့ကရိတ်မြို့ နယ် အံဖလေးကျေးရွာမှာ ရွာသားတဦးက ကရင်အမျိုးသား မီဒီယာ ကို ပြောဆိုခဲ့သည်။

ကရင်ပြည်နယ် ဘားအံမြို့ တွင် တာဝန်ကျသည့် ရဲအရာရှိကြီးတဦးက လုပ်ထုံးလုပ်နည်းများအရ လာရောက်အဖမ်းခံထားသူကို အမှုဖွင့်လက်ခံဖမ်းဆီးထားပြီးဖြစ်သည့်အတွက် လွှဲပြောင်းပေးရန်ကိစ္စမှာ ဖြစ်နိုင်ခြေမရှိနိုင်ကြောင်း ၎င်း၏ထင်မြင်ယူဆချက်ကို ပြောဆိုခဲ့သည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ
(KNPF) တပ်ဖွဲ့ဝင်ကို သတ်ဖြတ်သူအား လွဲပြောင်းပေးရန် ကော့ကရိတ်မြို့ မရဲတပ်ဖွဲ့ကို (KNU) တောင်းဆို (KNPF) တပ်ဖွဲ့ဝင်ကို သတ်ဖြတ်သူအား လွဲပြောင်းပေးရန် ကော့ကရိတ်မြို့ မရဲတပ်ဖွဲ့ကို (KNU) တောင်းဆို Reviewed by THITHTOOLWIN on 13:21 Rating: 5
Powered by Blogger.