အစိုးရတပ်နှင့် KIA ဖားကန့်လမ်းတွင် ဆက်လက် တိုက်ပွဲ ဖြစ်


ကချင်ပြည်နယ် မိုးကောင်း-ဖားကန့် လမ်းတွင် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား ယနေ့ သြဂုတ် ၉ရက်နေ့ ဆက်လက် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါသည်။

မွန်းလွဲပိုင်းမှ စပြီး ကားမိုင်း-နန့်ယား ကြား လွယ်ဆိုင် (Loi Seng) ကျေးရွာအနီး တပ်မတော် ပူးပေါင်း စစ်ကြောင်းနှင့် KIA တပ်ရင်း (၆) တပ်ဖွဲ့တို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများ ကချင် သတင်းဌာန KNG ကို ပြောပါသည်။

ယမန်နေ့ ည သန်းယံမှာလည်း လွယ်ဆိုင် အနီး ကထန်ယန် (Kahtan Yang) ကျေးရွာဘက်မှာ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ကားမိုင်းမြို့ဘက်မှာ ထွယ်ဆန်ယန် (Htoi San Yang) ရပ်ကွက်မှ နမ်ထွန်ဘွမ် (Nam Htu Bum) တောင်ထိ အစိုးရတပ်များ နေရာယူထာပြီး ဒေသခံ ရှမ်းနီပြည်သူ့စစ် များလည်း ပါကြောင်း ဒေသခံများ ပြောပါသည်။

ရွာသား ၂ ဦး ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံနေရ

ယနေ့ နံနက်ပိုင်း နန့်စီးအင် (Nam Si Yen) ရွာသား အောင်မျိုးထွန်းနှင့် ၎င်း၏ ယောက်ဖ တို့နှစ်ဦး ကားမိုင်းသို့ သွားစဉ် အစိုးရ စစ်သားများ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောသည်။

ယခု သတင်း ရေးသားနေသည်အထိ ၎င်းတို့ နှစ်ဦးကို မလွှတ်ပေးသေးကြောင်း ဒေသခံများ ဆိုပါသည်။

Kachin News Group
http://burmese.kachinnews.com
အစိုးရတပ်နှင့် KIA ဖားကန့်လမ်းတွင် ဆက်လက် တိုက်ပွဲ ဖြစ် အစိုးရတပ်နှင့် KIA ဖားကန့်လမ်းတွင် ဆက်လက် တိုက်ပွဲ ဖြစ် Reviewed by THITHTOOLWIN on 17:34 Rating: 5
Powered by Blogger.