တပ်မတော် ယာဉ်တန်းကို KIA တိုက်ခိုက်


မိုးကောင်းဘက်မှ ဖားကန့်သို့ တက်လာသော မြန်မာ အစိုးရ တပ်မတော် မော်တော် ယာဉ်တန်းကို လမ်းခုလတ်တွင် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့ များမှ ယနေ့ သြဂုတ် ၈ရက် နံနက်ပိုင်းမှာ တိုက်ခိုက်ခဲ့သည်။

Nam Sheng နှင့် Gauri ကျေးရွာကြား တပ်မတော် ယာဉ်တန်းကို KIA တပ်ရင်း (၆) တပ်ဖွဲ့များမှ စောင့်ကြို တိုက်ခိုက်ခဲ့ရာ ယာဉ် ၂စီး မီလှောင် ပျက်စီးသွားပြီး ထိခိုက်သေဆုံးမှု ရှိကြောင်း ဒေသခံသတင်းများ ပြောပါသည်။

သာမန် အရပ်ဝတ်ဖြင့် အစိုးရ စစ်သားများနှင့် ရှမ်းနီ ပြည်သူ့စစ် များသည် ကားကြီး (၇)စီး ဖြင့် ဖားကန့်ဘက်သို့ တက်လာခြင်းဖြစ်သည်ဟု ဒေသခံသတင်းများ ဖော်ပြပါသည်။

ရွှေ၊ ပယင်းနှင့် ကျောက်စိမ်း မှော်များရှိသည့် KIA တပ်မဟာ (၂) နယ်မြေ ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ် တွင် အစိုးရတပ် အင်အား ဖြည့်နေဆဲရှိသောကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမည်ဟု KIA အရာရှိများ ဆိုပါသည်။

Kachin News Group
http://burmese.kachinnews.com
တပ်မတော် ယာဉ်တန်းကို KIA တိုက်ခိုက်  တပ်မတော် ယာဉ်တန်းကို KIA တိုက်ခိုက် Reviewed by THITHTOOLWIN on 18:12 Rating: 5
Powered by Blogger.