KIA လက်နက်ကိုင်အဖွဲ့ မှ ခရီးသွားယာဉ်အား တိုက်ခိုက်သဖြင့် ခရီးသွားပြည်သူတစ်ဦး ဒဏ်ရာရရှိ

မြစ်ကြီးနား -ကန်ပိုက်တည် သွားကားလမ်းပေါ်တွင် ယာဉ်များအား KIA လက်နက်ကိုင်အဖွဲမှ အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်သဖြင့်ခရီးသွားပြည်သူတစ်ဦးဒဏ်ရာရရှိ
နေပြည်တော် သြဂုတ် ၂၁

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ကန်ပိုက်တည်မြို့၊ ဝေါခြုံကျေးရွာ၏ အနောက်ဘက်၁ မိုင်ခန့်အကွာတွင် KIA လက်နက်ကိုင်အဖွဲ့အင်အား ၁၀ ဦးခန့်က မြစ်ကြီးနား- ကန်ပိုက်တည်ကားလမ်းအတိုင်း မောင်းနှင်လာသော ယာဉ်အမှတ်၊ ၃ခ/------- ဒိုင်နာအမျိုးအစား(အပြာရောင်)နှင့် ယာဉ်အမှတ်၊ ၃ခ/-------ဒိုင်နာအမျိုးအစား(စိမ်းနု) ယာဉ်နှစ်စီးအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ယာဉ်များ၏ ရှေ့မှန်၊ ဘေး ညာဘက်မှန်၊ ယာဉ်၏ညာဘက် ဘော်ဒီ ထိခိုက် ပျက်စီးခဲ့ပြီး ခရီးသွားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရှိရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားသည့်နေရာအား တပ်မတော်စစ်ကြောင်းများက နယ်မြေ ရှင်းလင်း ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
KIA လက်နက်ကိုင်အဖွဲ့ မှ ခရီးသွားယာဉ်အား တိုက်ခိုက်သဖြင့် ခရီးသွားပြည်သူတစ်ဦး ဒဏ်ရာရရှိ  KIA လက်နက်ကိုင်အဖွဲ့ မှ ခရီးသွားယာဉ်အား တိုက်ခိုက်သဖြင့် ခရီးသွားပြည်သူတစ်ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 13:32 Rating: 5
Powered by Blogger.