လီဒို လမ်းမပေါ် ဒွမ်ဘုန်း တွင် အစိုးရတပ်နှင့် KIA တပ်ရင်း ၁၁ တိုက်ပွဲ ဖြစ်

လီဒို လမ်းမပေါ် ဒွမ်ဘုန်း တွင် အစိုးရတပ်နှင့် KIA တပ်ရင်း ၁၁ တိုက်ပွဲ ဖြစ်
လီဒို လမ်းမပေါ် နမ္မတီး (Namti) အထက် ဒွမ်းဘုန်း (Dum Bung) ကျေးရွာအနီးတွင် အစိုးရတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၁ တို့ကြား ယနေ့ အချိန်တို တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

နံနက်မိုင်း မိနစ် ၂၀ ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ ပြောပါသည်။

ယနေ့ မနက်မှာပဲ လီဒိုလမ်းမ အတိုင်း တနိုင်းကို ဆင်းလာတဲ့ အစိုးရစစ်ကြောင်းကို လွယ်လီမြစ် (Loili Hka) နှင့် တိန်ရတ်မြစ် (Ting Rat Hka) ကြားတွင် KIA တပ်ရင်း ၂၀ တပ်ဖွဲ့များက မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရှိရပါသည်။

ယင်း နှစ်နေရာ တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက် ကျဆုံးမှု မသိရသေးပါ။

ထို့အပြင် Kachin Sub-State ရှမ်းပြည်နယ်မြောက်ပိုင်း တွင်လည်း အစိုးရတပ်၏ အင်အားတိုးချဲ့ မှု များပြားလာသည့်အတွက် KIA တပ်ရင်း ၉ နှင့် ဘန်လုန်ဘွမ် (Bang Lung Bum) နှင့် ကောင်းမူ (Kong Mu) ကြား တောင်တွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

နှစ်ဖက် ထိခိုက် ကျဆုံးမှု မသိရသေးပါ။

Kachin News Group
http://burmese.kachinnews.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ