ကန်ပိုင်တီလမ်း ဘက်လည်း အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ်ပွား


ကချင်ပြည်နယ် အနောက်ဘက်မှာ မြန်မာ အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား တိုက်ပွဲ ပြင်းထန်နေစဉ် ပြည်နယ် အရှေ့ဘက် မြစ်ကြီးနား-ကန်ပိုင်တီ လမ်းကြောင်း ဘက်မှာလည်း နှစ်ဖက် တိုက်ပွဲ ဖြစ်လာနေပါသည်။

ဝိုင်းမော်မြို့နယ် KIA တပ်မဟာ (၅) အောက် တပ်ရင်း (၃) စခန်းများကို အစိုးရတပ်များ ထိုးစစ်ဆင်လာခြင်း ကြောင့် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားလာကြောင်း ဒေသခံများ ဆိုပါသည်။

ယနေ့ သြဂုတ် ၁၇ ရက်က တပ်မတော် စစ်ကြောင်းများနှင့် KIA တပ်ရင်း (၃) တပ်ဖွဲ့များကြား လေး နေရာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ ကချင် သတင်း ဌာန KNG ကို ပြောသည်။

နံနက်ပိုင်းမှာ Sadung (ဆဒုံ) ဒေသရှိ KIA တပ်ရင်း (၃) စခန်း နှစ်ခုဖြစ်သည့် Bum Sen Bum နှင့် Lai Hpawng Bum သို့ တပ်မတော် စစ်ကြောင်းများ တက်လာစဉ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ညနေပိုင်းတွင်မူ တရုတ်နယ်စပ် မိုင်တိုင် (၆) အနီး KIA တပ်ရင်း (၃) ၏ Ngwa Le (ငွားလေး) စခန်းကို တပ်မတော် စစ်ကြောင်းများ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ ဆိုပါသည်။ တချိန်ထဲမှာ ကန်ပိုင်တီလမ်းမ အတိုင်း Sadung (ဆဒုံ) သို့ တက်လာသော တပ်မတော် ယာဉ်တန်းကို ၀ိုင်းမော်မြို့ အလွန် KIA မှ ဟန့်တား တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများ ပြောပါသည်။

သေဆုံး၊ ဒဏ်ရာ ရရှိသူများကို ၀ိုင်းမော်မြို့ဘက် သယ်ဆောင်သွားကြောင်း မျက်မြင်များ ပြောပါသည်။

ယမန်နေ့ ကလည်း KIA စခန်း Lai Hpawng Bum သို့ စတင် ထိုးစစ်ဆင်လာသည့် ခလရ (၁၆) အစိုးရ တပ်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ကန်ပိုင်တီ လမ်းကြောင်းဘက် တိုက်ပွဲ ပြင်းထန်လာချိန် မြစ်ကြီးနား-ဗန်းမော်လမ်း KIA ဗဟိုဌာနချုပ် နယ်မြေဘက်မှာ လည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေပါသည်။

Kachin News Group
http://burmese.kachinnews.com
ကန်ပိုင်တီလမ်း ဘက်လည်း အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ်ပွား  ကန်ပိုင်တီလမ်း ဘက်လည်း အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ်ပွား Reviewed by THITHTOOLWIN on 05:48 Rating: 5
Powered by Blogger.