KIA လက်နက်ကိုင်အဖွဲ့မှ တပ်မတော်စစ်ကြောင်းအား ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

KIA လက်နက်ကိုင်အဖွဲ့မှ တပ်မတော်စစ်ကြောင်းအား ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်၊ KIA လက်နက်ကိုင်အဖွဲ့မှ ထောင်ထားသည့်မိုင်းများအားရှင်းလင်း
နေပြည်တော်၊ သြဂုတ် ၁၅

ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်၊ မြစ်ကြီးနား-တနိုင်းသွားကားလမ်းပေါ်တွင် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက လုံခြုံရေးဆောင်ရွက်စဉ် ဒွန်ဘန်ကျေးရွာ၏ အနောက်မြောက်ဘက် ၄ မိုင်ခန့်အကွာ သို့အရောက် ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် KIA လက်နက်ကိုင်အဖွဲ့မှ ဆွဲမိုင်းတစ်လုံးဖြင့်လည်းကောင်း၊ ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ရီမုမိုင်း နှစ်လုံးဖြင့်လည်းကောင်း ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးခဲ့သည်။


ထို့အတူ တနိုင်းမြို့နယ်ရှိ မြစ်ကြီးနား- တနိုင်းသွားကားလမ်းပေါ်တွင် တပ်မတော် စစ်ကြောင်းများက လုံခြုံရေးဆောင်ရွက်စဉ် ယနေ့နံနက် ၈ နာရီခန့်က ရှဒူဇွပ်ကျေးရွာတောင်ဘက် ၃ မိုင်ခန့်အကွာ၌ KIA လက် နက်ကိုင်အဖွဲ့မှ ထောင်ထားသည့် အချင်း ၈ လက်မ၊ အမြင့် ၅ လက်မ၊ သံကိုယ်ထည် ဆွဲမိုင်းတစ်လုံးအားလည်းကောင်း၊ ရှဒူဇွပ်ကျေးရွာ၏တောင်ဘက် ၁၃ မိုင်ခန့်အကွာ လမ်းဘေးဝဲယာတွင် သုံးပွင့်ဆိုင်ထောင်ထားသည့် ရီမုမိုင်းသုံးလုံးအားလည်းကောင်း ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
KIA လက်နက်ကိုင်အဖွဲ့မှ တပ်မတော်စစ်ကြောင်းအား ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက် KIA လက်နက်ကိုင်အဖွဲ့မှ တပ်မတော်စစ်ကြောင်းအား ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက် Reviewed by THITHTOOLWIN on 12:09 Rating: 5
Powered by Blogger.