ဆီးရီးယား သူပုန်တွေIS လက်က မြို့ကို ပြန်သိမ်းနိုင်ဖို့ နီးစပ်

မန်ဘိဂ်ျမြို့ကို ပြန်သိမ်းနိုင်ဖို့ နီးစပ်လာ
ဆီးရီးယားထဲက လာတဲ့ သတင်းတွေအရ အမေရိကန်က အကူအညီ ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေက နိုင်ငံမြောက်ပိုင်းက အချက်အခြာ ကျတဲ့ မြို့တမြို့ကို အစ္စလာမ်မစ် နိုင်ငံအဖွဲ့လက်က ပြန်သိမ်းပိုက်နိုင်ဖို့ နီးနေပြီဖြစ်ပါတယ်။

အဲဒီ မန်ဘိဂ်ျမြို့ကို ကာ့ဒ်နဲ့ အာရပ် လက်နက်ကိုင်တွေက သတင်းပတ်များစွာ ထိုးစစ်ဆင် နေခဲ့ရာမှာ အခု မြို့တွင်းလမ်းတွေမှာပါ တိုက်ခိုက် နေကြပါတယ်။ အဲဒီ ဒေသကို စောင့်ကြည့်နေတဲ့ အဖွဲ့တွေရဲ့ အဆိုအရ အိုင်အက်စ် စစ်သွေးကြွ တချို့မြို့လည်နဲ့ မြို့မြောက်ဘက်ခြမ်းက အစွန်အဖျား ဒေသတွေမှာ ကျန်နေသေးပြီး ခုခံနေဆဲ ဖြစ်ပါတယ်။

မန်ဘိဂ်ျ မြို့ဟာ တူရကီ နယ်စပ်နဲ့လည်း နီးကပ်သလို လမ်းပမ်း အချက်အခြာဖြစ်လို့ အဲဒီမြို့သာ ကျသွားခဲ့ရင် အိုင်အက်စ်တွေ အတော် အထိနာသွားမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ