ဆွီဒင်နိုင်ငံ အခြေစိုက် နာမည်ကြီး H&M ကုမ္ပဏီအတွက် အဝတ်အထည်ချုပ်ပေးနေတဲ့ မြန်မာနိုင်ငံက စက်ရုံတွေဟာ မြန်မာနိုင်ငံက အသက် ၁၄ နှစ်အရွယ် ကလေးတွေကို တစ်ရက် ၁၂ နာရီအထိ ခိုင်းစေတာမျိုး ရှိတယ်လို့ Guardian သတင်းမှာ ဖော်ပြထားပါတယ်။
ဖက်ရှင်လုပ်ငန်းမှာ ကျွန်ပြုခိုင်းစေမှုတွေ ရှိမရှိ အနောက်တိုင်းနိုင်ငံက အဖွဲ့အစည်းတွေက လေ့လာလေ့ရှိပြီး ဆွီဒင်ကလည်း သူတို့ရဲ့ တွေ့ရှိချက်တွေကို နောက်တပတ်အတွင်း ဖော်ပြဖို့ ရှိနေတာပါ။
Modeslavar ဒါမှမဟုတ် ဖက်ရှင်ရဲ့ကျွန်လို့ ဘာသာပြန်နိုင်တဲ့ စာအုပ်ကို ရေးသားတဲ့ စာရေးဆရာတွေကို ဇူးဇူးဆိုတဲ့ မြန်မာနိုင်ငံသားက အလုပ်လုပ်ချင်တဲ့ လူတိုင်းကို စက်ရုံက အလုပ်ခန့်တာဖြစ်ပြီး အဲဒီအထဲက တစ်ယောက်ကတော့ အသက် ၁၄ နှစ်အောက် မိန်းကလေးငယ် ဖြစ်တယ်လို့ ပြောပြထားကြောင်း ဖော်ပြထားပါတယ်။
H&M ကုမ္ပဏီအတွက် ရန်ကုန်မြို့နားမှာ အခြေစိုက်တဲ့ Myanmar Century Liaoyuan Knitted Wear နဲ့ Myanmar Garment Wedge ဆိုတဲ့ စက်ရုံတွေက အထည်တွေ ချုပ်ပေးနေတာ ဖြစ်ပါတယ်။
အဲဒီစက်ရုံမှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တွေ ည ၁၀ နာရီအထိ အလုပ်ခဲ့သူကိုလည်း စာအုပ်ရေးတဲ့ စာရေးဆရာတွေက တွေ့ရှိခဲ့ပါတယ်။
ဒါဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရုံသာမက မြန်မာနိုင်ငံရဲ့ ဥပဒေကိုလည်း ချိုးဖောက်ရာ ရောက်တယ်လို့ ဆိုပါတယ်။
အဲဒီလို ပြောဆိုချက်တွေကြောင့် H&M ကုမ္ပဏီကလည်း မြန်မာနိုင်ငံက ကုမ္ပဏီ နှစ်ခုကို ဆက်သွယ်ပြီး မေးမြန်းစုံစမ်းမှုတွေ လုပ်နေပြီလို့ တုန့်ပြန်ထားကြောင့် The Guardian သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက စက်ရုံနှစ်ခုကိုလည်း ဆက်သွယ်ပေမယ့် နှစ်ခုစလုံးက ဘာတုန့်ပြန်မှုမှ ပြုလုပ်ခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
မြန်မာ အထည်စက်ရုံ နှစ်ခုလုပ်ရပ်ကို H&M မေးမြန်းစုံစမ်းနေ
Reviewed by THITHTOOLWIN
on
11:13
Rating:
