မင်္ဂလာဒုံမြို့ နယ် လူသတ်မှုမှ လူသေမှုမဖြစ်ခင်က သေမှုသေခင်း ဖြစ်သည့်ခြံနားသို့ အနီးကပ်လာရောက်သွားတဲ့ လူသုံးယောက်ပုံဖြစ်ပါသည်။ သေသွားသည့် အမျိုးသမီးက မသင်္ကာသဖြင့် ဓါတ်ပုံရိုက်ယူထားသည်ကို သေသူ၏ ဖုန်းထဲမှ ပြန်လည်ကူးယူထားခြင်း ဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စု ပတ္တမြားမြို့သစ်ရပ်ကွက် ကျူးကျော်ကွက်သစ် မြအေးချမ်း လမ်းသွယ်တွင် နေထိုင်သည့် မိသားစုဝင်လေးဦး သြဂုတ် ၂ဝ ရက်က အသတ်ခံရမှုနှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာတွင် မသင်္ကာ သူ သုံးဦးအား ဓာတ်ပုံမှတ်တမ်းနှင့်တကွ ဖော်ပြပါရှိနေမှုကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် မှုခင်းရဲတပ်ဖွဲ့တို့က သတင်း အတည်ပြုရရှိနိုင်ရေးအတွက် စုံစမ်းဖော်ထုတ်ဆောင်ရွက် လျက်ရှိကြောင်းနှင့် အဆိုပါသတင်းနှင့် ပတ်သက်၍လည်း ပြည်သူများမှ တွေ့ရှိ ပါက ရဲတပ်ဖွဲ့သို့ အကြောင်းကြားပေးရန် မေတ္တာရပ်ခံထားကြောင်း သိရှိရသည်။
By သစ်ထူးလွင်
လေးလောင်းပြိုင်လူသတ်မှုမှ မသင်္ကာသူ သုံးဦး ဓာတ်ပုံနှင့် facebook ပေါ်မှ ရိုက်ခတ်သံ
Reviewed by THITHTOOLWIN
on
09:24
Rating:
