မော်လမြိုင်မြို့နယ် စည်ပင်ရုံးရှေ့မှာ အမှိုက်သွားပစ်သူကို စည်ပင်အရာရှိက ရုံးခေါ်ပြီး ခြိမ်းခြောက်မှုနှင့် Facebook ပေါ်မှ ရိုက်ခတ်သံ



အထက်ပါ ဆင့်ခေါ်စာတွင် တွေ့ဆုံဆွေးနွေးရန်ဟု ပါရှိသော်လည်း ရုံးရောက်ချိန်တွင် ကျွန်တော့်အား တရားခံ တစ်ယောက်ကဲ့သို့ ပြုမူဆက်ဆံကာ အမှိုက်ပစ်တာ မင်းလားဟု အမှု့ဆောင် အရာရှိ ဦးမြင့်သိန်းမှ မေးမြန်းခဲ့ပြီး လူရောက်နေပြီးပဲ ဒါဆို တရားစွဲဖို့ပဲ ကျန်တော့တယ်ဟု ပြောဆိုကာ သာမာန် ပြည်သူဖြစ်သော ကျွန်တော့်အား သူ့ရုံးဝန်ထမ်း ၁၀ ယောက် ခန့်မှ ဝန်းရံထားပြီး တရားစွဲမည်ဟု ပြောဆိုခဲ့ပါသည်။


ကျွန်တော်မှ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း မဟုတ်ပဲ အထက် လူကြီးမင်းများ သိစေရန် ရည်ရွယ်လုပ်ဆောင် ကြောင်း ပြန်လည်ချေပ ပြောကြားရာ အမှု့ဆောင် အရာရှိ ဖြစ်သူ ဦးမြင့်သိန်းမှ ဒီစကားတွေကို တရားရုံး ရောက်မှ ပြောပြပါဟု ညှိနှိုင်းဆွေးနွေးမှု့ မရှိပဲ ခြိမ်းခြောက် ပြောဆိုပါသည်။ ထို့ပြင် တရားစွဲဆိုရာတွင် မည်သည့်ပုဒ်မနှင့် စွဲဆိုမည်ကို မေးမြန်းရာ ဦးမြင့်သိန်းမှ ပုဒ်မအား ပြန်လည်ပြောကြားခြင်း မရှိပဲ ငွေဒဏ် ၁၀ သိန်းမှ ထောင်ဒဏ် ၁ နှစ်ထိ ပစ်ဒဏ် ချခံရနိုင်သည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ပါသည်။


ထိုကဲ့သို့ ပြည်သူတစ်ယောက်အား ဝန်ထမ်းများ ကြားတွင် တရားခံ တစ်ယောက်ကဲ့သို့ ဝိုင်းဝန်း ခြိမ်းခြောက် ပြောဆိုမှု့သည် ဆင့်ခေါ်စာတွင် ပါဝင်သော တွေ့ဆုံ ဆွေးနွေးလိုပါသဖြင့် ဟူသော စာသားနှင့် ဆန့်ကျင်နေပြီး ပြောင်းလဲ လာနေပြီး ဖြစ်သော အစိုးရ၏ ပုံရိပ်များကို များစွာ ထိခိုက်နိုင်ပါသဖြင့် တာဝန်ရှိ လူကြီးမင်း များနှင့် ပြည်သူများ သိရှိစေရန် အသိပေး တင်ပြအပ်ပါသည်။

ဦးဟိန်းမိုးဦး
၃/ကဆက(နိုင်)၀၅၄၇၄၁

မော်လမြိုင်မြို့နယ် စည်ပင်ရုံးရှေ့မှာ အမှိုက်သွားပစ်သူကို စည်ပင်အရာရှိက ရုံးခေါ်ပြီး ခြိမ်းခြောက်မှုနှင့် Facebook ပေါ်မှ ရိုက်ခတ်သံ   မော်လမြိုင်မြို့နယ် စည်ပင်ရုံးရှေ့မှာ အမှိုက်သွားပစ်သူကို စည်ပင်အရာရှိက ရုံးခေါ်ပြီး ခြိမ်းခြောက်မှုနှင့် Facebook ပေါ်မှ ရိုက်ခတ်သံ Reviewed by THITHTOOLWIN on 01:28 Rating: 5
Powered by Blogger.