လှည်းကူးတွင် စက်ရေတွင်းတူးရာမှ မီးတောက်ထွက်ရှိခဲ့ခြင်းကြောင့် နေအိမ် နှစ် ခုမှမိသားစုဝင်များကို ရွှေ့ပြောင်း


ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စပ်ပင်မြောက်ကျေးရွာတွင် စက်ရေတွင်းတူးရာမှ သဘာဝဓာတ်ငွေ့ ဟု ယူဆရသည့် မီးတောက် ထွက်ရှိခဲ့ခြင်းကြောင့် နေအိမ်နှစ် ခုမှမိသားစုဝင်များကိုပြောင်းရွှေ့ခိုင်းထားကြောင်း လှည်းကူးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။
“စက်ရေတွင်းအနီးကနေအိမ်နှစ် ခုက မိသားစုဝင်တွေကို ကျွန်တော့်အိမ်မှာ ညကလာအိပ်ခိုင်းထားတယ်။ ရွှေပြည်သာသဘာဝဓာတ်ငွေ့ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ကတော့ ဘူမိဗေဒပညာရှင်အသင်းကိုအကြောင်းကြားပြီး ဒီ ကနေ့ သြဂုတ် ၃၀ ရက် လာစစ်ပေးမယ်လို့သိရပါတယ်။ စစ်ဆေးပြီးလို့ အခြေအနေကိုသိရမှ အိမ်ပြန်နေခိုင်းမှာ ပါ။”ဟု လှည်းကူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးကပြောသည်။

စပ်ပင်မြောက်ကျေးရွာရှိ နေအိမ်ခြံဝန်းတစ်ခုတွင် သြဂုတ် ၂၉ ရက်၊ မွန်းလွဲ သုံး နာရီဝန်းကျင်က စက်ရေတွင်းတူး ရာမှ ပေ ၂၂၀ အနက်တွင် ရေတွင်းမှ မီးများထွက်လာသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရွှေပြည်သာသဘာဝဓာတ်ငွေ့ပြုပြင်ထိန်းသိမ်းရေးဌာန၊ မီးသတ်၊ ရဲတပ်ဖွဲ့များမှ ည ခုနှစ် နာရီခွဲဝန်းကျင်တွင်လာရောက်ပြီး မီးသတ်ဆေးမှုန့်ဖြင့် မီးငြှိမ်းသတ်ပေးခဲ့ကြောင်း သိရသည်။

 ရွှေပြည်သာသဘာဝဓာတ်ငွေ့ပြုပြင်ထိန်းသိမ်းရေးဌာနနှင့် ဘူမိဗေဒပညာရှင်အသင်းတို့မှ အဆိုပါရေတွင်းမှ ထွက်ရှိသည့်အရာများအား သဘာဝဓာတ်ငွေ့ကြောင့် ဟုတ်၊ မဟုတ်၊ မြေဆီမြေသြဇာကြောင့် ဟုတ်၊ မဟုတ်တို့ ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စဖြစ်ပွားသည့်နေရာမှာ ရွှေပြည်သာ သဘာဝဓါတ်ငွေ့ပြုပြင်ထိန်းသိမ်းရေးဌာနနှင့် ငါး မိုင်ဝန်းကျင် ကွာဝေးပြီး ရွှေပြည်သာသဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် နှစ် မိုင်ဝန်းကျင်ဝေးကာ ယင်းပိုက်လိုင်းမှာ လှည်းကူးမြို့ ပတ်လမ်း၊ ဘီပိုးစက်ရုံ(ဒေသအခေါ်)အနီးတွင်တည်ရှိသည့်အပြင် စပ်ပင်မြောက်ကျေးရွာတွင် အိမ်ခြေ ၂၂၀ ကျော်ရှိကြောင်း လှည်းကူးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
လှည်းကူးတွင် စက်ရေတွင်းတူးရာမှ မီးတောက်ထွက်ရှိခဲ့ခြင်းကြောင့် နေအိမ် နှစ် ခုမှမိသားစုဝင်များကို ရွှေ့ပြောင်း  လှည်းကူးတွင် စက်ရေတွင်းတူးရာမှ မီးတောက်ထွက်ရှိခဲ့ခြင်းကြောင့် နေအိမ် နှစ် ခုမှမိသားစုဝင်များကို ရွှေ့ပြောင်း Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.