ကျိုင်းတုံ သြဂုတ် ၁၉
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မက်မန်းမြို့နယ် ၀မ်စလောင်းကျေးရွာတွင် သြဂုတ် ၁၇ ရက် ညနေ ၄ နာရီ အချိန်ခန့်က သာသနာလင်္ကာရ ဘုန်းတော်ကြီးကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ၀မ်စလောင်းကျေးရွာနေ အီရှော ဆိုသူသည် တူမီးသေနတ်ကိုင်ဆောင်လျက် မူးယစ် သောက်စားလာပြီး ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာကာ ကျောင်းတွင်ရှိနေသော ကိုရင်နှစ်ပါးအား ထမင်းချက်စားမည်ဟု ပြောကာ ကျောင်းအောက်တွင် မီးမွှေးနေစဉ် ကိုရင်နှစ်ပါးသည် ကျောင်းအပြင်သို့ ထွက်ခွာသွားပါသည်။ ထို့နောက် နာရီဝက်ခန့်အကြာတွင် မီးလောင်မှုဖြစ်ပွားပြီး အီရှော မှာ ဘုန်းကြီးကျောင်းမှ ထွက်ခွာပြေးခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။
အဆိုပါဝမ်စလောင်းကျေးရွာသည် မက်မန်းမြို့နှင့် ၆၅ မိုင်ကွာဝေးပြီး ဆိုင်ကယ်လမ်းဖြင့်သာ သွားလာရသည်။ မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဖိုး ၁၂ သိန်းခန့်ဆုံးရှုံးပြီး ဘုန်းကြီးကျောင်း ဂေါပက ဦးတိုးဆွေက တရားလိုပြုလုပ်ကာ မက်မန်းမြို့မရဲစခန်းသို့ တိုင်ကြားခဲ့သဖြင့် ရဲစခန်းမှ (ပ)၃/၂၀၁၆ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
မက်မန်းပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပေါ့ဆမီးကြောင့် မက်မန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
17:01
Rating:
