နေပြည်တော် ရဲကားတစ်စီး ရေမြောင်းထဲထိုးကျ

နေပြည်တော်၊သပြေကုန်အ၀ိုင်းအနီး  ကျောက်မျက်ပြတိုက်ရှေ့တွင် ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့မှ ရဲကားတစ်စီး ရှေ့ဘီးပေါက် အရှိန်လွန်ကာ ရေမြောင်းထဲထိုးကျ။
နေပြည်တော်၊ သြဂုတ်-၁၈။

 နေပြည်တော်၊ သပြေကုန်အ၀ိုင်းအနီး ကျောက်မျက်ပြတိုက်ရှေ့တွင် ယနေ့၊မွန်လွဲ(၁၅၀၀)နာရီအချိန်ရဲတပ်ကြပ် ကြီးမျိုးသွင်မောင်းနှင်လာသော ကမ္ဘလှည့်ခရီးသွားရဲတပ်ဖွဲ့မှ ရဲကားတစ်စီး အရှိန်လွန်ရေမြောင်းအတွင်းထိုးကျ သွားကြောင်းသိရှိရသည်။


 ဖြစ်စဉ်မှာမော်တော်ယာဉ်အား ရဲတပ်ကြပ်ကြီးမျိုးသွင်မာင်းနှင်လာခဲ့ပြီး၊ ဇမ္မူသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းအတိုင်းတောင်မှမြောက်သို့မောင်းနှင်ခဲ့ရာ မိုင်တိုင်အမှတ်(၀/၂)ကျောက်မျက်ရတနာပြတိုက်ရှေ့ရေနှုတ်မြောင်းဖြတ်ကူးတံတားအနီးအရောက်ဝဲဖက်ရှေ့ဘီးပေါက်၍အရှိန်မထိန်းနိုင်ဘဲရေနှုတ်မြောင်းအတွင်းထိုးကျခဲ့ပြီး၊ ယာဉ်မောင်းတပ်ကြပ်ကြီးမျိုးသွင်မှာ ဒါဏ်ရာရရှိပြီး မစိုးရိမ်ရသော်လည်း ကုတင်(၁၀၀၀)ဆေးရုံသို့ပို့ဆောင်ခဲ့ပြီးဆေးကုသမှု ခံယူနေကြောင်းသိရှိရသည်။


ယင်းမြောင်းထဲသို့ထိုးကျသွားသော မော်တော်ယာဉ်အား ကရိန်ကားများဖြင့် ပြန်လည်ဆည်ယူရာတွင် ညနေ(၅) နာရီခွဲခန့်အချိန်တွင် ဆည်ယူရရှိခဲ့ပြီး ယာဉ်မှုစစ်ဌာနရဲအုပ်ဆန်ဝင်းမှ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး၊ ယာဉ် မောင်းရဲတပ်ကြပ်ကြီးအား ရဲဥပဒေအရအရေးယူသွားမည်ဖြစ် ကြောင်းသိရှိရသည်။

ဖိုးသားကြီး
china.com Myanmar
https://www.facebook.com/china.com.mm/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ