ရေဘေး ဖြစ်ပွားသည့် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၁ ခု ထိ ရှိလာခဲ့ပြီး လူဦးရေ ၄ သိန်းကျော် ဘေးသင့်

တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ချို့ တွင် ရေဘေး ဖြစ်ပွားမှု အခြေအနေများအား တွေ့ ရစဉ်(ဓာတ်ပုံ- Relief and Resettlement Department - Myanmar)
    ရန်ကုန် ၊ သြဂုတ် ၁၈ ရက်(ဆင်ဟွာ)

    မြန်မာနိုင်ငံ၌ ဇူလိုင်လလယ်မှ စတင် ဖြစ်ပွားခဲ့သည့် ရေဘေးကြောင့် တစ်လကျော် အတွင်း ရေဘေး ဖြစ်ပွားသည့် တိုင်းဒေသကြီး နှင့် ပြည်နယ်မှာ ၁၁ ခု အထိ ရှိလာခဲ့ပြီး လူဦးရေ ၄၇၇၃၆၀ ရေဘေးသင့် ခံစားရကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။

ရေဘေး ဖြစ်ပွားသည့် တိုင်းဒေသကြီး နှင့် ပြည်နယ်မှာ ၁၁ ခုတွင် သေဆုံးသူ ဦးရေမှာ ၈ ဦးအထိ ရှိလာခဲ့ပြီး အိမ်ထောင်စုပေါင်း ၁၁၇၈၇၇ ရေဘေးသင့် ခံစားခဲ့ရကြောင်း သိရသည်။

ရေဘေးသင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များ အနက် မကွေးတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ တွင် ရေဘေးသင့် အိမ်ထောင်စု နှင့် လူဦးရေမှာ အများဆုံး ဖြစ်ကြောင်း သိရသည်။

ရေဘေးကြောင့် သေဆုံးသူများတွင် ပဲခူးတိုင်းဒေသကြီးတွင် အများဆုံး ဖြစ်ပြီး ၃ ဦး သေဆုံးခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ ဦး ၊ ကချင်ပြည်နယ်တွင် ၂ ဦး နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၁ ဦး စုစုပေါင်း ၈ ဦးအထိ ရှိလာခဲ့သည်။

ရေဘေးဖြစ်ပွားသည့် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၁ ခုသို့ အရေးပေါ် အစားအစာ ၊ ဆန်ရိက္ခာ ၊ အိမ်ဆောက် ပစ္စည်း ၊ ကယ်ဆယ်ရေး ပစ္စည်း ၊ သေဆုံး ၊ အခြား တို့ အတွက် စုစုပေါင်း ငွေကျပ် ၆၆၇,၁၄၂,၈၁၂ ဖိုး ထောက်ပံ့ ထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ရေဘေး ဖြစ်ပွားသည့် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၁ ခု ထိ ရှိလာခဲ့ပြီး လူဦးရေ ၄ သိန်းကျော် ဘေးသင့်  ရေဘေး ဖြစ်ပွားသည့် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၁ ခု ထိ ရှိလာခဲ့ပြီး လူဦးရေ ၄ သိန်းကျော် ဘေးသင့် Reviewed by THITHTOOLWIN on 13:10 Rating: 5
Powered by Blogger.