ငလျင်ကြောင့် ပြိုကျပျက်စီးသွားသော ပုဂံရှိ စေတီပုထိုးများအား ၀င်ရောက်ခွင့်ပိတ်၊လုံခြုံရေးအတွက် စစ်တပ်များချထား

ငလျင်ကြောင့် ပုဂံရှိ စေတီပုထိုးများ ပြိုကျပျက်စီးသွားရစဉ်(MOI)
    ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

    ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော ညောင်ဦးမြို့ရှိ ပုဂံစေတီပုထိုးများအား ယနေ့ ၀င်ရောက်ခွင့် ပိတ်လိုက်ပြီး လုံခြုံရေးအတွက် စစ်တပ်များ ချထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနထံ မှ သိရသည်။

အဆိုပါ ငလျင်ကြောင့် ထိခိုက်ပျက်စီသွားသော ပုဂံမြို့ရှိ နာမည်ကြီးစေတီပုထိုးများအား ၀င်ထွက်ကြည့်ရူ့ခွင့် ပိတ်ထားလိုက်ကြောင်း ရွှေဆံတော်ဘုရား၊ စူဠာမဏိ၊ထီးလိုမင်းလိုဘုရားစသည့် အထင်ကရနေရာများတွင် တပ်မတော် လုံခြုံရေးတပ်ဖွဲ့များနှင့် ရဲများ ချထားပြီး ၀င်ရောက်ခွင့်များ ပိတ်ထားလိုက်သည်။

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ငလျင်ကြောင့် ထိခိုက်ခံရသော စေတီပုထိုးများကို ၀င်ရောက်ခွင့်များ ပိတ်ထားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

အင်အား ရစ်(ခ်) တာစကေး ၆.၈ အဆင့်ရှိ အင်အား ပြင်း ထန်သော မြေငလျင် ဒဏ်ကြောင့် ပုဂံ ညောင်ဦးမြို့ရှိ ဘုရားစေတီပေါင်း ၂၀၀နီးပါး ပျက်စီး ဆုံးရှုံးခဲ့သည်။

ရှေးဟောင်းပုဂံမြို့ရှိ ဘုရားများကို အရေးပေါ် ကာလအဖြစ်သတ်မှတ်ကာ ယူနက်စကိုအဖွဲ့က ပုဂံမြို့သို့သွားရောက်ပြီး စစ်ဆေးစစ်တမ်းကောက်ယူမည်ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com
ငလျင်ကြောင့် ပြိုကျပျက်စီးသွားသော ပုဂံရှိ စေတီပုထိုးများအား ၀င်ရောက်ခွင့်ပိတ်၊လုံခြုံရေးအတွက် စစ်တပ်များချထား  ငလျင်ကြောင့် ပြိုကျပျက်စီးသွားသော ပုဂံရှိ စေတီပုထိုးများအား ၀င်ရောက်ခွင့်ပိတ်၊လုံခြုံရေးအတွက် စစ်တပ်များချထား Reviewed by THITHTOOLWIN on 17:46 Rating: 5
Powered by Blogger.