ရန်ကုန်တိုင်း ဒေသကြီး မြောက်ဒဂုံမြို့ နယ်မှာ သြဂုတ်လ (၂၃)ရက်နေ့ ည (၇)နာရီခွဲ ခန့် က အဝိုင်းကြီး မြောက်ဒဂုံ တံတားသစ်အဆင်း မြောက်ဒဂုံဘက်အခြမ်းမှာ ကောင်မလေး၂ယောက်၊ ကောင်လေး ၁ယောက်အား prado အောက်ဖော်ပြပါ ကားနံပါတ်ပိုင်ရှင်သည် လမ်းတားထားသော ကော်ဘလောက်တုံးများအား ဝင်တိုက်ပြီး ဆက်လက်ပြီး ကောင်မလေး၂ယောက်ကို တိုက်ပြီး မောင်းပြေးသွားကြောင်း သိရှိရပါတယ်။
တယောက်ကတော့ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးပြီး ကျန်ကောင်မလေးတစ်ယောက်နှင့် ကောင်လေးအား ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့ပါသည်၊ အခြေအနေကိုတော့ မသိရသေးပါ။
အရှိန်ဘယ်လောက်ပြင်းသလဲ မသိအောင် ယင်းကားဗန်ဘာပြုတ်ကျခဲ့သောကြောင့် သိရခြင်းဖြစ်သည် ထိုကားဒရိုင်ဘာ တချက်တောင်လှည့်မကြည့်ဘဲ မောင်းပြေးသွားကြောင်း သိရှိရပါတယ်။
သတင်း - ဓါတ်ပုံ ။ ။ ကိုမျိုးအောင်ထက်
by သစ်ထူးလွင်
မြောက်ဒဂုံမှာ လူသုံးဦးတိုက်ပြီး ယာဉ်မောင်းထွက်ပြေး အမျိုးသမီးတစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
09:34
Rating:
