ပြည် သြဂုတ်(၁၈)ရက်နေ့
ပြည်မြို့ ၊ နဝင်းရပ်ကွက်တွင် ဆိုက်က္ကားနင်းသူ အမျိုးသားတစ်ဦးအား သြဂုတ်(၁၅)ရက်နေ့ နေ့လည် (၁) နာရီ အချိန်ခန့်၌ တိုက်ပြေးသွားသည့် ယာဉ်အား ယနေ့အချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်းသိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့ ၊နဝင်းရပ်ကွက် ၊ ကမ်းနားလမ်း ဆင်ဖြူတော် ကုန်စုံဆိုင်ရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အမှတ်(၁၃)ယာဉ်ထိန်းတပ်ဖွဲ့စု(ပြည်)မှ ရဲအုပ် အောင်မျိုးဦးနှင့် အဖွဲ့သည် သွားရောက် စစ်ဆေးခဲ့သည်။
ထိုသို့သွားရောက် စစ်ဆေးရာတွင် ရွှေပုလ္လင်မှော်ဘုရားဘက်မှ ဖိုးခေါင်ကျေးရွာဘက်သို့ကိုမျိုးသန့်(၂၈)နှစ်(ဘ)ဦးသန်းဇော်၊ ဆိုက်က္ကားနင်း၊ ဖိုးခေါင်ကျေးရွာ ၊ နဝင်းရပ်ကွက်၊ ပြည်မြို့နေသူသည် ဆိုက်က္ကား အမှတ် (၇၆၅) အနက်ရောက်အား စီးနင်းလာစဉ် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော မော်တော်ယာဉ်မှအရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်သို့ ရောက်ရှိပြီး တိုက်မိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ရဲစစ်ဆေးချက်အရသိရသည်။
အဆိုပါ ယာဉ်မှတိုက်မိခဲ့သဖြင့် ကိုမျိုသန့်တွင်ဦးခေါင်းနောက်စေ့ ဖူးရောင်ပေါက်ပြဲဒဏ်ရာ၊ နဖူးပေါက်ပြဲဒဏ်ရာများရရှိကာ ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယနေရပြီး ယာဉ်မောင်းနှင်သူမှာ ယာဉ်နှင့်အတူထွက်ပြေး တိမ်းရှောင် သွားခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ဖြစ်စဉ်နှင့် ပတ်သက်၍ အမည်မသိ ယာဉ်မောင်းအား စုံစမ်းဖော်ထုတ်ပေးပါရန် ရဲအုပ်အောင်မျိုးဦးမှတရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် ပြည်အမှတ်(၁)နယ်မြေရဲစခန်း(ပ)၁၁/၂၀၁၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၀၂ဖြင့် အမှုဖွင့်ထားရှိကာ အမှုအား ဒုရဲအုပ်ဝင်းဇော်ထိုက်မှ လက်ခံစစ်ဆေးလျှက် ရှိကြောင်း သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
https://www.facebook.com/pyaynews
နဝင်းရပ်ကွက်တွင် ဆိုက်က္ကားဆရာအား တိုက်ပြေးသည့်ကား ဖမ်းမမိသေး
Reviewed by THITHTOOLWIN
on
14:19
Rating:
