နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပေကျင်းမြို့ ရောက်ရှိ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်းမြို့မှ တစ်ဆင့် အထူးလေယာဉ်ဖြင့် ထွက်ခွာပြီးနောက် ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ၁၉း၅၅ နာရီတွင်ရောက်ရှိခဲ့ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး H.E. Mr. Liu Zhen ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Hong Liang၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လွင်အုန်းနှင့် မြန်မာသံရုံး၊ပေကျင်းမြို့မှ ၀န်ထမ်းများတာဝန်ရှိ ပုဂ္ဂိုလ်များမှ ကြိုဆိုနှုတ်ဆက်ကြပါသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့ ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာတွင် ညအိပ်ရပ်နားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဓါတ်ပုံ- မြန်မာသံရုံး၊ ပေကျင်းမြို့။
Ministry of Foreign Affairs Myanmar
Powered by Blogger.