ကော့သောင်းမြို့တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွါး


ကော့သောင်း ၊ သြဂုတ်လ ၁၉ ရက်

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် တော်ဝင် သင်္ဘောဆိပ် အနီးတွင် သြဂုတ်လ ၁၇ရက်နေ့ညပိုင်း က နှစ်လောင်းပြိုင် လူသတ်မှုဖြစ်စဉ်တစ်ခုဖြစ်ပွါး ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ သြဂုတ်လ ၁၈ရက်နေ့ မွန်းလွဲပိုင်း က ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် တော်ဝင် သင်္ဘောဆိပ် မြေထိန်းနံရံအနီးတွင် လူသေ အလောင်းနှစ်လောင်းတွေ့ရှိကြောင်းသတင်းအရ ခေတ္တစခန်းမှူ ရဲအုပ်အေးကြိုင် နှင့် နယ် ထိန်းအဖွဲ့မှ အခင်းဖြစ်နေရာအားသွား ရောက်စစ် ဆေးရာ ရိုက်နက်ခံရသည့်ဒဏ်ရာများဖြင့် သေဆုံးနေသူများမှာ လစန္ဒာ ၃ ကုန်လှေလုပ်သား များဖြစ်သည့် မောင်နိုင်နိုင် နှင့် မျိုးဇော်ထွန်း ဆိုသူ ညီအစ်ကိုနှစ်ဦးဖြစ်ကြောင်း သိရသည်။

 စစ်ဆေးချက်များအရ အဆိုပါနေ့ညပိုင်း က ၄င်းတို့နှစ်ဦး သည် အခြားလှေလုပ်သားနှစ်ဦးနှင့်အတူ အရက်သေစာသောက်စားပြီးမိမိတို့လှေရှိရသို့အပြန် လမ်းတွင် ကပ္ပလီ(ခ)၀င်းပိုင် ၂၉ နှစ် (ဘ)ဦးအင်စိုက် မြေနီလမ်း ရွှေဇင်ယော်ရပ်ကွက်နေသူဖြင့် ခိုက်ရန်ဖြစ်ပွားခဲ့ရာ ၄င်းတို့ နှစ်ဦးမှာ ကျန်ရစ်ခဲ့ပြီးအခြားလှေလုပ်သားနှစ်ဦးမှာထွက်ပြေးခဲ့ကြကြောင်း ၊ နောက်တစ်နေ့ မွန်းလွဲပိုင်း တွင် မောင်နိုင်နိုင် နှင့် မျိုးဇော်ထွန်း တို့ နှစ်ဦးမှာ တော်ဝင်တံတားအနီး ကမ်းစပ်တွင် သေဆုံးလျှက်တွေ့ရှိရခြင်းဖြစ်ပြီး အလောင်းများအားကော့သောင်းနာရေးကူညီမှုအသင်းအကူအညီဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ လူသတ်မှုကျူးလွန်သူ တရာခံ ကပ္ပလီ(ခ)၀င်းပိုင် ၂၉ နှစ် (ဘ)ဦးအင်စိုက် မြေနီလမ်း ရွှေဇင်ယော်ရပ်ကွက် အား (ပ)၉၅၇/ ၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရအမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

Iprd Kawthoung
ကော့သောင်းမြို့တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွါး   ကော့သောင်းမြို့တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွါး Reviewed by THITHTOOLWIN on 10:12 Rating: 5
Powered by Blogger.