သံတောင်ကြီးမြို့တွင် မကြုံစဖူးရေကြီးမှုဖြစ်ပေါ်


သံတောင်ကြီး၊ သြဂုတ် ၃၀

ကရင်ပြည်နယ် သံတောင်ကြီးမြို့ သည် ပင်လယ် ရေမျက်ပြင် အမြင့် ပေ ၄၅၀၀ အထက်ရှိသော တောင်ပေါ်မြို့ ကလေးတစ်မြို့ ဖြစ်သည်။


 သြဂုတ်-၂၉ရက်ညနေ-၃နာရီ အချိန်တွင် မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်ခဲ့မှုကြောင့် တောင်ကျ ချောင်းရေများ စီးဆင်းမှု အလွန်များပြားပြီး ရေများသည် ကားလမ်းမကြီးကို ကျော်ကာ အမြင့် တစ်ပေခန့် စီးဆင်း သွားကြောင်း တွေ့ရသည်။


 သံတောင်ကြီးမြို့ရှိ မြေနိမ့်သော အရပ်ဖြစ်သည့် အမှတ်(၄) ရပ်ကွက်တွင် ရေအမြင့်ပေ ၃ပေခန့် မြင့်တက်ကာ လူနေအိမ်အချို့သို့ ဝင်ရောက် ခဲ့ကြသည်။


မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ အမှတ် ၁ ရပ်ကွက် အတွင်းရှိ လူနေအိမ် တစ်လုံးသည် မြေပြိုမှုနှင့် အတူပါ သွားခဲ့သည်။


 သို့သော် ထိခိုက်ဒဏ်ရာ ရရှိမူသေဆုံးမှု မရှိကြောင်း သိရသည်။ အချို့နေရာများ လည်း မြေပြိုမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
သံတောင်ကြီးမြို့တွင် မကြုံစဖူးရေကြီးမှုဖြစ်ပေါ်  သံတောင်ကြီးမြို့တွင် မကြုံစဖူးရေကြီးမှုဖြစ်ပေါ် Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.