လက်ထောက်ခရိုင် ပညာရေးမှူးဟုပြောဆိုကာ အိမ်ထောင်ရှိလျှက် လိမ်ညာလက်ထပ်သော အမျိုးသားအား ဆရာမ မှ တိုင်ကြားအမှုဖွင့်


မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ်နေ ကျောင်းဆရာမတစ်ဦးက ၎င်းအား လက်ထောက်ခရိုင်ပညာရေးမှူးဟုဆိုကာ အိမ်ထောင်ရှိလျှက် လိမ်ညာလက်ထပ်သော အမျိုးသားအား တိုင်ကြားအမှုဖွင့်ခဲ့မှု သြဂုတ် ၂၇ ရက်ကဖြစ်ပွားခဲ့ကြောင်း နယ်မြေခံရဲစခန်း မှသိရသည်။

 ဖြစ်စဉ်မှာ ဒေါ်----၊ မူလတန်းပြ(သရက်တော၊ အမက)သရက်တောကျေးရွာ၊ ပွင့်ဖြူမြို့နယ်နေ သူသည် လွန်ခဲ့သော တစ် နှစ်ခန့်က မကွေးတိုင်းပညာရေးမှူးရုံးမှ လက်ထောက်ခရိုင်ပညာရေးမှူး ဦးမောင်မောင်လွင် ဆိုသူနှင့် ချစ်ကြိုက်ခဲ့ရာ ၄.၈.၂၀၁၆ ရက်တွင် သရက်တောကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် အုပ်ချုပ်ရေးမှူး ဦးကိုကိုလေးနှင့် သက်သေများရှေ့တွင် လက်မှတ်ရေးထိုးပေါင်းသင်းနေထိုင်ခဲ့ပြီး ၇.၈.၂၀၁၆ ရက်နေ့တွင် ဦးမောင်မောင်လွင် ဆိုသူမှာ မွေးချင်းများထံ ကန်တော့ကန်သွားရောက်မည်ဖြစ်ကြောင်း အကြောင်းပြ၍ နေအိမ်မှ ထွက်ခွါသွားခဲ့ကြောင်း၊ နောက်နေ့ရက်များတွင်လည်း နေအိမ်သို့ ခေတ္တသာရောက်ရှိလာခဲ့သဖြင့် မသင်္ကာဖြစ်ခဲ့ပြီး ၂၇.၈.၂၀၁၆ ရက် နံနက် ၁၁ နာရီခွဲအချိန် ဦးမောင်မောင်လွင်ဆိုသူမှာ နေအိမ်သို့ပြန်လည်ရောက်ရှိလာသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုလေးထံ သတင်းပို့ပြီးနောက် တစ်ရွာတည်းနေ မိုးကျော်ပါ လေး ဦးတို့နှင့်အတူ မေးမြန်းရာ လက်ထောက်ခရိုင်ပညာရေးမှူး ဦးမောင်မောင်လွင်၏အမည်သုံးသူမှာ ပွင့်ဖြူုမြို့နယ်၊ လယ်ကိုင်းကျေးရွာနေ ဒေါ်ထွေးထွေးအောင်၏ ခင်ပွန်း တိုးနိုင်၊ ဖြစ်ကြောင်းသိရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏တိုင်ကြားချက်အရသိရသည်။

 ဖြစ်စဉ်နှင့်ပက်သက်၍ တရားဝင်ထိမ်း မြှားပြီးသော အိမ်ထောင်ရှိသည်ကို ထိန်ချန်၍ ထပ်မံထိမ်မြားသူ တိုးနိုင် အားအရေးယူပေးရန် မ------မှ သြဂုတ် ၂၇ ရက်တွင် တရားလိုပြုတိုင် ကြားခဲ့သောကြောင့် ပွင့်ဖြူမြို့နယ်၊လယ်ကိုင်းနယ်မြေရဲစခန်းမှ (ပ)၂၄၀/၂၀၁၆၊ တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာဥပေဒပုဒ်မ ၁၇ ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
လက်ထောက်ခရိုင် ပညာရေးမှူးဟုပြောဆိုကာ အိမ်ထောင်ရှိလျှက် လိမ်ညာလက်ထပ်သော အမျိုးသားအား ဆရာမ မှ တိုင်ကြားအမှုဖွင့်  လက်ထောက်ခရိုင် ပညာရေးမှူးဟုပြောဆိုကာ အိမ်ထောင်ရှိလျှက် လိမ်ညာလက်ထပ်သော အမျိုးသားအား ဆရာမ မှ တိုင်ကြားအမှုဖွင့် Reviewed by THITHTOOLWIN on 14:27 Rating: 5
Powered by Blogger.