ငါ့သရောက်မြို့နယ်တွင် မြေငလျင်လှုပ်ခတ်မှုကြောင့် စာသင်ကျောင်းဆောင် အချို့အနည်းငယ်ပျက်စီး


ငါ့သရောက် ၊ ဩဂုတ် - ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်တွင် ဩဂုတ် ၂၄ ရက်နေ့၊ ညနေ(၀၅း၀၂)နာရီအချိန်တွင် မကွေးတိုင်းဒေ သကြီး၊ ချောက်မြို့ နယ်အနောက်ဘက်(၁၂)မိုင်ခန့်အကွာကိုဗဟိုပြု၍ ရက်ဂျက်စတာစကေး (၆.၈)အဆင့်ရှိမြေငလျင်တစ်ခုလှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးအဆိုပါ မြေငလျင်လှုပ်မှုကြောင့် ငါ့သရောက်မြို့နယ်အတွင်းရှိစာသင်ကျောင်းဆောင် အချို့ အနည်းငယ် ထိခိုက်ပျက်စီးသွားခဲ့ကြောင်းသိရသည်။


ထိုသို့ ရက်ဂျက်စတာစကေး(၆.၈)အဆင့်ရှိမြေငလျင်လှုပ်ခတ်ခဲ့မှုသည် ငါ့သရောက်မြို့နယ်တွင် ညနေ(၀၅း၀၂)နာရီမှ (၀၅း၀၅)နာရီ အထိအချိန်သုံးမိနစ်ခန့် လှုပ်ခတ်သွားခဲ့ကြောင်း၊မြေငလျင်လှုပ်ခတ်မှုကြောင့် ငါ့သရောက်မြို့နယ်တောင်တောကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိအလျား(၁၂၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၈)ပေခန့်ရှိစာသင်ကျောင်းဆောင် မှ စာသင်ခန်း(၁)ခန်းအတွင်း (၅)ပေပတ်လည်ခန့် နှစ်နေရာအနည်းငယ်ပြိုကျ ပျက်စီးသွားခဲ့ကြောင်း၊ အလားတူ ငါ့သရောက်မြို့နယ် ထန်းပေါက်ကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းရှိအလျား(၄၈)ပေ၊ အနံ(၁၈)ပေ၊ အမြင့်(၁၅)ပေခန့်ရှိခြောက်ခန်းတွဲစာသင်ကျောင်းဆောင်မှ စာသင်ခန်း(၄)ခန်း ပြိုကျပျက်စီးမှုများ ဖြစ်သွားခဲ့ကြောင်းသိရပြီး၊ ငါ့သရောက်မြို့နယ်တွင် မြေငလျင်လှုပ်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန်များထိခိုက်ဒဏ်ရာရမှု မရှိကြောင်းသိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ငါ့သရောက်မြို့နယ်တွင် မြေငလျင်လှုပ်ခတ်မှုကြောင့် စာသင်ကျောင်းဆောင် အချို့အနည်းငယ်ပျက်စီး  ငါ့သရောက်မြို့နယ်တွင် မြေငလျင်လှုပ်ခတ်မှုကြောင့် စာသင်ကျောင်းဆောင် အချို့အနည်းငယ်ပျက်စီး Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.