ယာဉ်ငယ်တစ်စီး အရှိန်လွန်ပြီး ရေမြောင်းထဲထိုးကျ


နောင်ချို သြဂုတ် ၁၇

နောင်ချိုမြို့နယ် ရေဝင်ကျေးရွာအနီး မန္တလေး-မူဆယ် ပြည်ထောင်စု ကား လမ်းမကြီးပေါ်ရှိ ချောင်းကူးတံတား လက်ရန်းကို သြဂုတ် ၁၆ ရက် မွန်းလွဲပိုင်းက ယာဉ်ငယ်တစ်စီး အရှိန်လွန်တိုက်မိပြီး ရေမြောင်းထဲ သို့ထိုးကျခဲ့ကြောင်း သိရသည်။

နောင်ချိုမှ ပြင်ဦးလွင်မြို့ဘက် သို့မောင်းနှင်လာသော vego အဖြူ ရောင် ယာဉ်ငယ်သည် လမ်းအကွေ့ တွင်အရှိန်လွန်ကာ လမ်း၏လက်ဝဲဘက် ရှိတံတားအုတ်ခုံကိုတိုက်မိပြီး ယခု ကဲ့သို့ ရေမြောင်းထဲထိုးကျ သွားခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦး က ပြောသည်။

အဆိုပါယာဉ်ငယ်သည်(မန္တလေးသို့ပြန်ရန်မောင်းနှင်လာစဉ် မိုင်တိုင် အမှတ် (၆၄/၁)နှင့်မိုင်တိုင်(၆၄/၂) အကြားရှိ ယင်းတံတားအုတ်ခုံ လက်ရန်းကို တိုက်မိပြီးရေမြောင်းထဲ သို့ထိုးကျခဲ့ခြင်းဖြစ်ပြီး လူသေဆုံး ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရ သည်။ ယင်းရေမြောင်းအတွင်းသို့ ယာဉ်ကြီး ယာဉ်ငယ် များနှင့်မော်တော် ဆိုင်ကယ် များ အရှိန်လွန်တိမ်းမှောက် မှုများ မကြာ ခဏဖြစ်ပွားတတ်သော ကြောင့် ယာဉ်မောင်းသူများ အထူး သတိပြု မောင်းနှင်ကြရန် လိုအပ်ကြောင်းဖြင့် ဒေသခံများက ပြောသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ နောင် ချိုမြို့မရဲစခန်းက ယာဉ်(ပ)၄၂/၂ဝ၁၆၊ ပုဒ်မ၂၇၉ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်၊။

(သီပေါကိုလတ်)

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ယာဉ်ငယ်တစ်စီး အရှိန်လွန်ပြီး ရေမြောင်းထဲထိုးကျ  ယာဉ်ငယ်တစ်စီး အရှိန်လွန်ပြီး ရေမြောင်းထဲထိုးကျ Reviewed by THITHTOOLWIN on 12:24 Rating: 5
Powered by Blogger.