![]() |
ဘင်လာဒင် ဖမ်းဆီးစဉ် Mark Owen အတွေ့ကြုံတွေ ရေး ထားသည့် "No Easy Day" စာအုပ် |
ရေတပ် အထူးတပ်ဖွဲ့ဝင်ဟောင်း Matt Bissonnette က Mark Owen ဆိုတဲ့ ကလောင်နာမည်နဲ့ ရေးသားတဲ့ “No Easy Day'' စာအုပ်ကရတဲ့ အမြတ်အားလုံးနဲ့ အကြိမ်ကြိမ် ထုတ်ဝေခွင့်က ရမယ့်အမြတ်တွေ၊ ရုပ်ရှင်ရိုက်ကူးရင် ရမယ့် အမြတ်ေ တွအားလုံး - အစိုးရကို လျှော်ရမှာ ဖြစ်ပါတယ်။ စာအုပ်ရောင်းရငွေ ပမာဏ ကတော့ ဒေါ်လာ ၆.၆သန်း မက ရှိနေပြီဖြစ်ပါတယ်။ ဒီငွေကို ပေးလျှော်ဖို့အတွက် သူ့အနေနဲ့ အချိန် ၄နှစ် ရရှိမှာဖြစ်ပါတယ်။
တရားရေးဌာနပြောခွင့်ရသူ Nicole Navas ကအခု သဘောတူညီမှုဟာ Bissonnette ရဲ့စစ်ရေးတာဝန် ထမ်းဆောင်ခဲ့မှုကို သိက္ခာကျ ဆင်းစေဖို့ လုပ်တာ မဟုတ်ပဲ ၊ စစ်မှုထမ်းတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းကို ခိုင်မာစေခြင်း သာဖြစ်တယ်လို့ ဆိုပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
အိုစမာဘင်လာဒင် ခြေမှုန်းခဲ့သူတဦး ဒေါ်လာ ၆သန်းခွဲ လျှော်ရ
Reviewed by THITHTOOLWIN
on
07:30
Rating:
