ရေး-ထားဝယ်ကားလမ်း မလွဲတောင်ပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွား


မော်လမြိုင်၊ သြဂုတ် ၁၂ ။ ။ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအနီ၊ ရေး-ထားဝယ်ကားလမ်း မလွဲတောင်ထိပ်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် သြဂုတ်လ ၁၁ ရက်နေ့ ည ၇ ရီခွဲ အချိန်ခန့်က မြေပြိုကျမှုဖြစ်ပွား၍ ယာဉ်လမ်းပိတ်ဆို့ခဲ့ရကြောင်း ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဌာန မှတ်တမ်းအရ သိရသည်။

မြေပြိုကျလာမှုကြောင့် ယာဉ်ရှစ်စီးခန့် ခေတ္တလမ်းပိတ်ဆို့ခဲ့ရပြီး မလွဲတောင်တာဝန်ခံ SAE ဦးစိုးနိုင်မှ ဦးဆောင်၍ မြေကော်စက်ဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ရာ ကားများဖြတ်သန်းသွားလာနိုင်ခဲ့ကြောင်း ထိုမှတ်တမ်းအရ သိရသည်။

သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၇ နာရီခွဲတွင်လည်း ထိုကားလမ်းတွင် မြေပြိုမှုထပ်မံဖြစ်ပွားခဲ့၍ မြေသားများကို မြေကော်စက်တစ်စီးဖြင့် ထပ်မံရှင်းလင်းဆောင်ရွက်ခဲ့ရသည်ဟု သိရသည်။

ရောင်နီဝင်း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/
ရေး-ထားဝယ်ကားလမ်း မလွဲတောင်ပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွား  ရေး-ထားဝယ်ကားလမ်း မလွဲတောင်ပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:11 Rating: 5
Powered by Blogger.