တောင်သာ သြဂုတ် ၂၄
တောင်သာ မြို့နယ်အတွင်း ၂၄-၈-၂ဝ၁၆ ရက်နေ့ ညနေ (၁၇း၀၅)နာရီ အချိန်က မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ဘုရားကြီး အနောက် ရပ်ကွက် ရှိ ကျောင်းကြီး ကျောင်းအတွင်း စေတီ စိန်ဖူးတော် မြေခခဲ့ခြင်း ၊ ဈေးရပ်ကွက် ရှိ မြစည်းခုံ စေတီတော် စိန်ဖူးတော်နှင့် ရွှေဘုံသာ မြတ်စွာဘုရား ဂန္ဓကုဋီ တိုက်တော်မှ ထောင့် လေးထောင့်ရှိ ပြသဒ် (၄)ခု ထိပ်မြေခခဲ့ခြင်း ၊ ကျောက်ရင်း ကျေးရွာရှိ မြသိန်းတန်စေတီ ထီးတော်မြေခခဲ့ခြင်း၊ ကြာပို့ကျေးရွာရှိ ရှစ်မျက်နှာ ဘုရားဝိုင်းအတွင်း ရှစ်မျက်နှာ ဘုရားနှင့် ကြောင် လိပ် စေတီတော်ရှိ ထီးတော်ယိုင်နဲ့ပြီး စိန်ဖူးတော်များ မြေခခဲ့ကာ ၄င်းဘုရား ဝိုင်း အတွင်းရှိ ဆရာလေး ဒေါ်မြဘုရားစိန်ဖူးတော်မြေခခဲ့ခြင်း၊ ရသစ်ကျေး ရွာ အောင်သိဒ္ဓိ ကျောင်းဝိုင်းအတွင်းရှိ အောင်ဆုပန် စေတီနှင့် မြေဖြူကျောင်းဝိုင်း အတွင်းရှိ တန်ခိုးကြီး မြတ်စွာဘုရား စိန်ဖူးတော် မြေခခဲ့ခြင်း ၊ ကျောဇီကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း အတွင်း မလိခ ကျောင်းဆောင် အောက်ခြေ ကြမ်းခင်း အက်ကွဲပြီး၊ ကျောင်းဆောင် မှာ မြောက်သို့ အနည်းငယ်ယိုင်နဲ့ခဲ့ခြင်း၊ ပုခက်ကျေးရွာ ဘုန်းတော် ကြီး ကျောင်း အတွင်းရှိ ဆုတောင်းပြည့် စေတီ ထီးတော် မြေခခဲ့ခြင်း များ ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
တောင်သာ ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တောင်သာမြို့နယ်အတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သော ပျက်စီး ဆုံးရှုံးမှုများ
Reviewed by THITHTOOLWIN
on
21:47
Rating:
