လင်းကတော-ရေစကြိုကားလမ်း၌ ဆိုင်ကယ်နှင့် ဟီးနိုးမျက်နှာချင်းဆိုင်တိုက် လူတစ်ဦးသေဆုံး


မြိုင်မြို့နယ်၊ လင်းကတော-ရေစကြိုကားလမ်းတွင် သြဂုတ် ၇ ရက်က ဆိုင်ကယ်နှင့်ကားမျက်နှာ ချင်းဆိုင် တိုက်မိ၍ လူတစ်ဦးသေဆုံး သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ သြဂုတ် ၇ ရက် မွန်းလွဲနှစ် နာရီအချိန်က လင်းကတော-ရေစကြိုကားလမ်း၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ လင်းကတောနယ်မြေရဲစခန်းမှ ဒုရဲအုပ်ဝင်းကို သွားရောက်စစ်ဆေးခဲ့သည်။

 ဦးအေးကြိုင်၊အောင်ပန်းရွာ၊ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး နေသူသည် ရေစကြိုမြို့နယ်ဘက်မှ ဆားလင်းကြီးမြို့နယ်ဘက်သို့ ၂၆ယ/------YINXIN-125 အစိမ်းရောင်ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာစဉ် လင်းကတော-ရေစကြိုကားလမ်း မိုင်တိုင်အမှတ် ၃၇/၇ နှင့် ၃၈/၀ အကြား ပူတွင်းရွာအနီးအရောက်တွင် မုံရွာ-ရေစကြို-ပခုက္ကူသို့သွားရောက်မည့် အောင်စိုးလင်း၊ ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးနေသူ မောင်းနှင်လာသည့် 5L/---------EK HINO (၁၂)ဘီးခေါင်းစိမ်းယာဉ်နှင့် မျက်နှာချင်း ဆိုင်တိုက်မိရာ ဦးအေးကြိုင်တွင် ဦးခေါင်း/မျက်နှာယာဘက် ပေါက်ပြဲ၊ဝဲဒူး/ခြေထောက်ပေါက်ပြဲ၊ယာခြေထောက်ကျိုး ဒဏ်ရာဖြင့်အခင်းဖြစ်နေရာတွင်သေဆုံး သွားခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်၏စစ်ဆေးချက်အရ သိရသည်။

 ဖြစ်စဉ်နှင့်ပက်သက်၍ ယာဉ်မောင်းနှစ် ဦးအား အရေးယူပေးရန် ဒုရဲအုပ်ဝင်းကို မှ တရားလိုပြုတိုင်ကြားခဲ့သောကြောင့် မြိုင်မြို့နယ်၊ လင်းကတော နယ်မြေရဲစခန်းမှ ယာဉ်(ပ)၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်ထားသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
လင်းကတော-ရေစကြိုကားလမ်း၌ ဆိုင်ကယ်နှင့် ဟီးနိုးမျက်နှာချင်းဆိုင်တိုက် လူတစ်ဦးသေဆုံး လင်းကတော-ရေစကြိုကားလမ်း၌ ဆိုင်ကယ်နှင့် ဟီးနိုးမျက်နှာချင်းဆိုင်တိုက် လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 16:47 Rating: 5
Powered by Blogger.