အသက်(၂၀)လူငယ်တစ်ဦး ရထားပေါ်က ပြုတ်ကျ သေဆုံး


သြဂုတ်လ(၂၇)ရက်နေ့ နံနက်(၈)နာရီခန့်က ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်မှာ မီးရထားတစ်စင်းပေါ်က လူတစ်ဦးပြုတ်ကျ သေဆုံးခဲ့ပါတယ် ။ ဈေးဟောင်းရပ်အနီးမှာ ဖြစ်ပေါ်ခဲ့တဲ့ ဒီအမှုမှာ သေဆုံးခဲ့သူက မောင်နိုင်လင်းအောင် ဆိုသူဖြစ်ပြီး ၊ အသက်(၂၀) ဖြစ်တယ်လို့ သိရပါတယ် ။

 မော်လမြိုင် အမြန်ရထားအားစီးနင်းလာသူဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိချက်တွေ အရ သိရပါတယ် ။ ဖြစ်ရိုးဖြစ်စဉ် နဲ့ သေဆုံးတာ ဟုတ်မဟုတ်ကို တော့ အသေးစိပ် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ် ။

သတင်းထောက် .......ဖြိုးကိုလင်း (ညောင်ဝိုင်း)
5 Plus News
https://www.facebook.com/5plusnews
အသက်(၂၀)လူငယ်တစ်ဦး ရထားပေါ်က ပြုတ်ကျ သေဆုံး  အသက်(၂၀)လူငယ်တစ်ဦး ရထားပေါ်က ပြုတ်ကျ သေဆုံး Reviewed by THITHTOOLWIN on 21:22 Rating: 5
Powered by Blogger.