မြင်းခြံမြို့ အမှတ်၁ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား တက္ကသိုလ်ကျောင်းသူ တစ်ဦးသေဆုံး


သြဂုတ်လ (၁၉)ရက် နံနက်၂နာရီ အချိန်ခန့်က မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့ အမှတ်(၁) မြို့သစ်ရပ်ကွက်ရှိ အဆောင်နေအိမ်၌ မီးအားမြှင့်စက် အပူရှိန်လွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားရာမှ အမျိုးသမီးတစ်ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါည ၁၂နာရီခန့်က ညအိပ်ယာဝင်ချိန် အသံတစ်ခုကြားခဲ့ရာ လန့်နိုးခဲ့ပြီး မီးလောင်နေသည်ကိုသိရှိရ၍ ပတ်ဝန်းကျင်သို့ အကူညီတောင်းခဲ့ရကြောင်း မီးလောင် နာကျင်ဒဏ်ရာများဖြင့် မြင်းခြံဆေးရုံတွင်ဆေးကုသမှု ခံယူလျက်ရှိသူ ဒေါ်အေးအေးသက်ကပြောသည်။
"စာကြည့်ပြီးအိပ်ပျော်သွားတယ်။ အသံတစ်ခုကြားတော့ သူခိုးထင်နေတာ။ ထကြည့်တော့ မီးအားမြှင့်စက်နားက မီးခိုတွေထွက်နေတယ် အပြင်ကိုခေါ်တော့ မကြားဘူး။ တောင်ဘက်အိမ်ကလူတွေရောက် လာတော့ နာရီဝက်နီးနီးရှိ မယ်ထင်တယ်။ အပေါက်က သံတံခါးကို ရိုက်ထုပြီး ခေါ်ထုတ်တယ်။ ကျမကိုယ် ကျမသေပြီ ထင်နေတာ သတိလည်း မေ့သလိုဖြစ်ခဲ့တယ်"ဟု ဆိုသည်။


သေဆုံးသွားသူ မယုဇင်မြင့်( BE civil )နောက်ဆုံးနှစ်မှာ ကယ်တင်ရန်ကြိုးစားစဉ် မီးခိုးမွှန်ကာ မီးလောင်ကျွမ်း၍ သေဆုံးနေခဲ့ကြောင်းသိရသည်။
"သတင်းရတော့ ၂း၂၀မှာပါ။ မြင်းခြံ စခန်း ၃ ခုက မီးသတ်ကား ၈စီး သွားရောက်ငြှိမ်းသက် ခဲ့ပါတယ် ။၂း၃၀မှာ မီးညွှန်ကျိုးခဲ့ပါတယ်။ လူရှိမှန်းသိပေမယ့် ဘယ်နေရာ ဆိုတာမသိခဲ့ဘူး။ သံပန်းတံခါးတွေကို ရဲဒင်းနဲ့ခုတ်ပြီးဝင်ရပါတယ်။ သေဆုံးသူရဲ့ အနီးမှာ ဆိုင်ကယ်နှစ်စီးလည်းရှိနေတယ်။ ခေါင်မိုးမျက်နှာချက်တွေလည်းမီးကျွမ်းနေပြီ။ ကယ်တင်လို့မရတော့ဘူး"ဟု မြင်းခြံခရိုင် မီးသတ်လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင်ကပြောသည်။


အဆိုပါရက်က မီးမလောင်ခင် မီးပျက်သွားပြီး မီးပြန်အလာ အခင်းဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
"ဒီဘက်လိုင်းကမီးအား ကောင်းတယ် မီးမြှင့်စက်မလိုဘူး။ မီးပျက်သွားသေးတယ်။ မီးပြန်အလာမှာ အိပ်ပျော်သွားပြီး မီးမြှင့်စက်ကို မပိတ်မိလို့ဖြစ်မယ်"ဟု ရပ်ကွက်နေသူက သုံးသပ်သည်။

မီးသုံးစွဲသူများ အနေဖြင့် စနစ်တကျ သုံးစွဲတတ်ရန်လိုပြီးပေါဆစွာသုံးစွဲမှုများရှိနေရာ လျှပ်စစ်ဌာန၏ အသိပေးလမ်းညွှန်မှုများကို လိုက်နာဖို့လိုအပ် နေသေးကြောင်း သိရသည်။
" စတင်လောင်တာက ဝပ်၅၀၀ရှိတဲ့ မီးမြှင်စက်ကလောင်တာ။ အိမ်သုံးမီးတာမှာ လောင်ကျွမ်းမှုမရှိဘူး။ကောင်းမွန်ပါတယ်။ မီးသုံးသူအနေနဲ့ သတ်မှတ်စည်းကမ်းတွေ လိုက်နာဖို့လိုတယ်။ လျှပ်စစ်ဌာနအနေနဲ့အသိပေးကြော်ငြာတွေ။ လက်ကမ်းစာစောင်တွေမကြာခင်ကပဲ ဆောင်ရွက်ခဲ့ပါတယ်"ဟု မြင်းခြံခရိုင်လျှပ်စစ် အင်ဂျင်နီယာကပြောသည်။

မီးလောင်သေဆုံးသွားသူသည် မြင်းခြံမြို့နယ် မရိုးကုန်းရွာမှဖြစ်ပြီး အဆောင်နေ အဖော်၃ဦးနှင့်
အတူနေထိုင်လျှက်ရှိရာ တစ်ဦးမှာခေတ္တပြန်သွားစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုကို မြင်းခြံမြို့မရဲစခန်းမှ (ပ)၂၀၄/၂၀၁၆။ ပုဒ်မ ၃၀၄(က)၃၃၇/၂၈၅ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Htun Lin Media - Taungtha
https://www.facebook.com/tunlinmedia
မြင်းခြံမြို့ အမှတ်၁ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား တက္ကသိုလ်ကျောင်းသူ တစ်ဦးသေဆုံး  မြင်းခြံမြို့ အမှတ်၁ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား တက္ကသိုလ်ကျောင်းသူ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 23:44 Rating: 5
Powered by Blogger.