လူနာခြောက်ယောက်ကိုသတ်ပြီး မြှုပ်နှံဖျောက်ဖျက်ထားသည့် ဆရာဝန်ကို အိန္ဒိယရဲကဖမ်းဆီးရမိ


မွန်ဘိုင်း၊ သြဂုတ်-၁၇

အိန္ဒိယအနောက်ပိုင်းတွင် လူ၆ယောက်ကို သေစေနိုင်လောက်အောက် အလွန်အကျွံဆေးထိုးကာအလောင်းအများစုကို ၄င်း၏ ယာခင်းအိမ်တွင် မြုပ်နှံထားသည်ဟူသောသံသယဖြင့် ဆရာဝန်တစ်ဦးကို အိန္ဒိယရဲများကဖမ်းဆီးခဲ့သည်ဟု အရာရှိတစ်ဦး၏ သြဂုတ်လ ၁၆ရက် ပြောကြားချက်အရ သိရသည်။


 လူနာတစ်ဦးပျောက်ဆုံးသွားမှုကိုရဲကစုံစမ်းစစ်ဆေးရာမှ လွန်ခဲ့သည့်ရက်သတ္တပတ်ကမဟာ ရပ်ရှထရပြည်နယ် မြို့ငယ်လေးတစ်မြို့တွင် ဒေသတွင်းမီဒီယာက “ဒေါက်တာမရဏ (Doctor Death)”ဟုနာမည်ပြောင်ပေးထားသည့် ဆန်တို့ရှ် ပိုကိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
 “ပိုကအမျိုးသမီး ၅ယောက်နဲ့ အမျိုးသားတစ်ယောက်အပါအ၀င် လူ ၆ယောက်နီးပါးကို သူသတ်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။ သူ့ရဲ့ ယာတောအိမ်ကအလောင်း ၄လောင်းနဲ့ သူ့မြို့အိမ် အပြင်ဘက်ကအလောင်းတစ်လောင်း ပြန်ဖော်ခဲ့ပြီးပါပြီ”ဟုရဲအမှုစစ် ပတ်မာခါ ဂန်ဗက်ကအေအက်ဖ်ပီကိုပြောကြားခဲ့ပါတယ်။ “သူကစစ်ကြောနေတုန်းမှာထွက်ချက်တွေ တစ်ကြိမ်ကိုတစ်မျိုးထွက်နေတော့ သူဘာကြောင့်သတ်ရတယ်ဆိုတာကိုသိဖို့ အတော်ခဲယဉ်းနေရပါ တယ်”ဟုလည်း ဂန်ဗတ်ကပြောကြားခဲ့သည်။


 အသတ်ခံရသည်ဟုယူဆရသူအားလုံးမှာမကြာသေးမီနှစ်များအတွင်းကမွန်ဘိုင်းနှင့် ၂၃၀ကီလိုမီတာအကွာရှိ ရှုခင်းလှပသည့် ဝေမြို့ကလေးတွင် ပျောက်ဆုံးသွားကြခြင်းဖြစ်သည်။ သို့ရာတွင် ၄င်းတို့နှင့် ဆရာဝန်၏ အဆက်အစပ်ကိုမူစိုးစဉ်းမျှသာသိရှိရသေးသည်ဟုဆိုသည်။

 ရုပ်သံမြင်ကွင်းတွင်မူရဲကပိုကိုပုခုံမှကိုင်၍ နေရာပြခိုင်းနေစဉ် အခြားရဲများကမြေတူးစက်များကို မောင်းနှင်နေသည်ကိုစပ်စုသည့်ရွာသားများက ၀ိုင်းအုံကြည့်နေကြသည်ကို မြင်ကြရသည်ဟုဆိုသည်။ ဒေသတွင်းမီဒီယာကရဲကိုကိုးကားဖော်ပြချက်အရပို၏ သူနာပြုဆရာမကိုလည်း သတ်ဖြတ်မှုတစ်ချို့ကိုလုပ်ဆောင်ရာတွင် ကြံရာပါအဖြစ် ကူညီခဲ့သည်ဟူသောသံသယဖြင့် ရဲကဖမ်းဆီးထိန်းသိမ်းထားသည်ဟုဆိုသည်။

 နောက်ဆုံးတစ်ယောက်ကိုမူသူမကယခင်လူသတ်မှုများကိုဖွင့်ချမည်ဟု ခြိမ်းခြောက်သောကြောင့် ပိုက အမျိုးအမည်မသိဆေးဝါးကို အလွန်အကျွံထိုးသတ်ခဲ့သည်ဟုဆိုသည်။ လွန်ခဲ့သည့်နှစ်ကလည်းကုသနေစဉ်တွင် သေဆုံးသွားသည့် လူနာ၏ ရုပ်အလောင်းကိုမီးရှို့ဖျောက်ဖျက်ရန် ကြိုးစားသဖြင့် အိန္ဒိယဆရာဝန်တစ်ယောက်ကို ရဲကဖမ်းဆီးခဲ့ရသည်ဟုဆိုသည်။

 ယခုလအစောပိုင်းကလည်းကိုယ်အင်္ဂါအစိတ်အပိုင်း အရောင်းအ၀ယ်တွင် ပါဝင်ပတ်သက်နေသည်ဟူသော သံသယဖြင့် မွန်ဘိုင်းဈေးကြီးဆေးရုံတစ်ခု၏ အကြီးအကဲနှင့် ဆရာဝန်၎ယောက်ကို ရဲကဖမ်းဆီးခဲ့သည်ဟုဆိုသည်။

AM
china.com Myanmar
https://www.facebook.com/china.com.mm/
လူနာခြောက်ယောက်ကိုသတ်ပြီး မြှုပ်နှံဖျောက်ဖျက်ထားသည့် ဆရာဝန်ကို အိန္ဒိယရဲကဖမ်းဆီးရမိ လူနာခြောက်ယောက်ကိုသတ်ပြီး မြှုပ်နှံဖျောက်ဖျက်ထားသည့် ဆရာဝန်ကို အိန္ဒိယရဲကဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 11:19 Rating: 5
Powered by Blogger.