ပေကျင်း သြဂုတ် ၁၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာလီခချန်း၏ ဖိတ်ကြားချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ကူမင်း လေဆိပ်မှ တစ်ဆင့် ပေကျင်းမြို့သို့ ဒေသစံတော်ချိန် ည ၈ နာရီ ၁၅ မိနစ်တွင် ရောက် ရှိကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး H.E. Mr. Liu Zhen Min၊ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ စစ်သံမှူးနှင့် သံရုံးဝန်ထမ်း မိသားစုများ၊ တာဝန်ရှိသူများက ပေကျင်းအပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ခေတ္တ တည်းခိုမည့် ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာသို့ မော်တော်ယာဉ် များဖြင့် ရောက်ရှိကြသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောက်ရှိ
Reviewed by THITHTOOLWIN
on
21:01
Rating:
