ရေချိုးရန် ရေစိုနေသော လျှပ်စစ်မီးခလုပ်အား ဖွင့်မိရာက ဓာတ်လိုက်သေဆုံး


နေပြည်တော်၊ ဩဂုတ် ၂

၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့် က စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာတွင် လူတစ်ဦးဓာတ်လိုက်သေဆုံးကြောင်း သိရပါသည်။

 သတင်းအရ ထန်းကုန်းရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံး သူမှာ အဆိုပါကျေးရွာနေ ဇင်ရဲထက်(၁၇)နှစ်ဖြစ်သည်။

 ၎င်းသည် ရေချိုးရန်အတွက် နေအိမ်ရှိ ရေတွင်း၌ တပ်ဆင်ထားသော ရေမော်တာရှိ ရေစိုနေသည့်မီးခလုပ်အား ဖွင့်မိရာက ဓာတ်လိုက်သေဆုံး သွားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဇီးကုန်းနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၉/၂၀၁၆)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ရေချိုးရန် ရေစိုနေသော လျှပ်စစ်မီးခလုပ်အား ဖွင့်မိရာက ဓာတ်လိုက်သေဆုံး  ရေချိုးရန် ရေစိုနေသော လျှပ်စစ်မီးခလုပ်အား ဖွင့်မိရာက ဓာတ်လိုက်သေဆုံး Reviewed by THITHTOOLWIN on 22:57 Rating: 5
Powered by Blogger.