မုဆိုးမများ နှင့် တစ်လင်ကွာများအား လက်ထပ်ပြီး မယားပြိုင်ထားကြရန် ဆော်ဒီအမျိုးသားများ အသင်းအဖွဲ့ တစ်ခုက တိုက်တွန်း

အာရတ်-ကားဒစ် မဟာမိတ်အဖွဲ့ မှ ကျဆုံးအမျိုးသမီးစစ်သည်များ၏ ရုပ်အလောင်းများကို ကားဒစ်တိုက်ခိုက်ရေးအမျိုးသမီးများက သြဂုတ်လ ၁၃ ရက်က သယ်ဆောင်လာစဉ်(ဆင်ဟွာ)
    ရီယတ်၊သြဂုတ် ၂၂ ရက်(ဆင်ဟွာ)

    ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ အသင်းအဖွဲ့ တစ်ခုက နိုင်ငံအတွင်း၌ မယားပြိုင်လူ့ အဖွဲ့ အစည်းထွန်းကားလာအောင် လုပ်ဆောင်ကြရန် တိုက်တွန်းလိုက်ကြောင်း သြဂုတ်လ ၂၁ ရက်ထုတ် Al Hayat ပြည်တွင်းသတင်းစာက ရေးသားဖော်ပြခဲ့သည်။

ဆရာဝန်များ ၊ အင်ဂျင်နီယာများ ၊ သာသနာ့နွယ်ဝင်များ နှင့် တက္ကသိုလ် ပါမောက္ခများပါဝင်သည့် အဖွဲ့ အစည်းတည်ထောင်သူ ၁ဝဝ ဦးအနက် ၈ ရာခိုင်နှုန်းမှာ အမျိုးသမီးအဖွဲ့ ဝင်များဖြစ်ကြောင်း သိရသည်။

အသင်းအဖွဲ့ တည်ထောင်မှု၏ လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် စာရွက်စားတမ်းပေးပို့ မှုကို ပြုလုပ်ထားပြီးဖြစ်ကြောင်း အဓိက တည်ထောင်သူ တစ်ဦးဖြစ်သူ Ataallah Al Abar က သတင်းဌာနသို့ ပြောကြားသည်။

“ တစ်ကိုယ်တည်းဖြစ်နေတဲ့ အမျိုးသမီးတွေ ဘဝအဖော်ရအောင် အခွင့်အရေးပေးဖို့  အမျိုးသားတွေအနေနဲ့ မိန်းမတစ်ယောက်ထက် ပိုပြီး လက်ထပ်ဖြစ်သွားအောင် ကျွန်တော်တို့ အသင်းက ပံ့ပိုးသွားမှာပါ”  ဟု Abar က ဆိုသည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံ၌ မုဆိုးမများ နှင့် တစ်ခုလပ်များအပါအဝင် လက်ထပ်ထားခြင်းမရှိသည့် အမျိုးသမီး ၂ သန်းကျော်ရှိကြောင်း ဝေဖန်သူများက ပြောဆိုကြသည်။

အဆိုပါအသင်းသည် ၄င်းတို့ ၏ ဝက်ဆိုက်မှ တဆင့် အမျိုးသား  အမျိုးသမီး နှစ်ဖက်စလုံးအတွက် လိုက်ဖက်သည့် မင်္ဂလာစုံတွဲများရရှိအောင် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် မယားပြိုင်ထားခြင်းကို အစ္စလမ်မစ်ဥပဒေအရ ခွင့်ပြုထားပြီး အမျိုးသားတစ်ဦးလျှင် အမျိုးသမီး ၄ ဦးကို တစ်ပြိုင်တည်းလက်ထပ်ခွင့်ရှိကြောင်းသိရသည်။

(Xinhua)
http://www.xinhuamyanmar.com
မုဆိုးမများ နှင့် တစ်လင်ကွာများအား လက်ထပ်ပြီး မယားပြိုင်ထားကြရန် ဆော်ဒီအမျိုးသားများ အသင်းအဖွဲ့ တစ်ခုက တိုက်တွန်း  မုဆိုးမများ နှင့် တစ်လင်ကွာများအား လက်ထပ်ပြီး မယားပြိုင်ထားကြရန် ဆော်ဒီအမျိုးသားများ အသင်းအဖွဲ့ တစ်ခုက တိုက်တွန်း Reviewed by THITHTOOLWIN on 13:32 Rating: 5
Powered by Blogger.