အင်ဒိုနီးရှားလှေတိမ်းမှောက် ၁ဝ ဦးသေ ၊ ၅ ဦးပျောက်ဆုံးနေ

အင်ဒိုနီးရှားလှေတိမ်းမှောက်မှုတစ်ခုတွင် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ်(ဆင်ဟွာ)
    ဂျကာတာ ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

    ခရီးသည် ၁၇ ဦးလိုက်ပါလာသည့် စက်လှေတစ်စင်းသည် အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း၌ သြဂုတ်လ ၂၁ ရက် (ယနေ့ )တွင် တိမ်းမှောက်ခဲ့ရာ လူ ၁ဝ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရကာ ၅ ဦးပျောက်ဆုံးနေကြောင်း ရေတပ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ လှေတိမ်းမှောက်မှုဖြစ်စဉ်သည် အင်ဒိုနီးရှားနိုင်ငံ Riau ပြည်နယ် Tanjung Pinang ဆိပ်ကမ်းမှ ထွက်ခွာလာစဉ် ပယ်လယ်ပြင်တွင်း၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ရေတပ်ပြောခွင့်ရ ရေတပ်ဦးစီးချုပ် Edi Sucipto က ပြောကြားခဲ့သည်။ ရာသီဥတုဆိုးဝါးခြင်းကြောင့် လှေတိမ်းမှောက်ခဲ့ရခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။ အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းရှိ ရေတပ်ဌာနချုပ်သည် အခင်းဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ခြင်းဆောင်ရွက်လျက်ရှိကြောင်း Sucipto က ဆင်ဟွာသတင်းဌာနသို့  တယ်လီဖုန်းဖြင့်ဖြေကြားခဲ့သည်။

ဒဏ်ရာရခဲ့သော ခရီးသည် ၂ ဦးမှာ အရေးပေါ်အခြေအနေတွင်ရှိနေပြီး ပြည်နယ်တွင်းရှိ ရေတပ်ဆေးရုံသို့ ပို့ ဆောင်ထားကြောင်း Sucipto က ဆက်လက်ပြောကြားသည်။ ရေတပ်ဌာနချုပ်မှ ဦးဆောင်၍ ပျောက်ဆုံးနေသော ခရီးသည်များအား ရှာဖွေရေး နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း ၄င်းက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ၏ လူဦးရေ ၂၂၅ သန်းသည် နိုင်ငံအတွင်းရှိ ကျွန်းပေါင်း ၁၇,ဝဝဝ ကျော်တွင် ပြန့် ကြဲနေထိုင်လျက် ရှိပြီး ၄င်းတို့ အားလုံးသည် ပို့ ဆောင်ရေးအတွက် စက်လှေများကိုသာ လွန်စွာအားကိုးနေရသည်။သို့ သော် နိုင်ငံတွင်းရှိ ရေကြောင်း ပို့ ဆောင်ရေးကဏ္ဍတွင် လုံခြုံမှုအဆင့် ညံ့ဖျင်းလျက် ရှိကြောင်းသိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အင်ဒိုနီးရှားလှေတိမ်းမှောက် ၁ဝ ဦးသေ ၊ ၅ ဦးပျောက်ဆုံးနေ အင်ဒိုနီးရှားလှေတိမ်းမှောက် ၁ဝ ဦးသေ ၊ ၅ ဦးပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 18:42 Rating: 5
Powered by Blogger.