သစ်ပင်လဲကျခဲ့သဖြင့် ဒဏ်ရာရရှိသူနှစ်ဦးအနက် တစ်ဦးသေဆုံးပြီး မော်တော်ယာဉ် ၇ စီးပျက်စီး


ရန်ကုန်၊ သြဂုတ် ၁၂

၁၂.၈.၂၀၁၆ ရက်နေ့ ၀၉၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်၊ အလံပြဘုရားလမ်းနှင့် ဗိုလ်မင်းခေါင် လမ်းထောင့်ရှိ SUZUKI CAR SHOWROOM ခြံဝင်းအတွင်းမှ လုံးပတ် ၁၈ ပေခန့်ရှိ သက်တမ်းရင့်ကုက္ကိုပင်မှာ စားဖိုဆောင်နှင့် ကားဝပ်ရှော့ အဆောက်အဦပေါ်သို့ လဲကျသွားခဲ့ပါသည်။

ယင်းသို့လဲကျခဲ့သဖြင့် အနီးတွင်ရပ်ထားသော မော်တော်ယာဉ် ၇ စီး ထိခိုက်ပျက်စီးခဲ့ပြီး အဆိုပါကုမ္ပဏီတွင်အလုပ်လုပ်ကိုင်သူ ဒေါ်ဆွေဆွေဝင်းနှင့် ဒေါ်အိန္ဒြာလှိုင်တို့ ၂ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်
ဆေးရုံကြီးသို့ပို့ဆောင်စဉ် ဒေါ်အိန္ဒြာလှိုင်၊ (၆၂)နှစ်မှာ သေဆုံးသွားခဲ့၍ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်(၁၆/၂၀၁၆)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိပါသည်။


အခင်းဖြစ်နေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၀န်ထမ်းများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်
တပ်ဖွဲ့ဝင်များရောက်ရှိပြီး အပျက်အစီးများအား ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
သစ်ပင်လဲကျခဲ့သဖြင့် ဒဏ်ရာရရှိသူနှစ်ဦးအနက် တစ်ဦးသေဆုံးပြီး မော်တော်ယာဉ် ၇ စီးပျက်စီး  သစ်ပင်လဲကျခဲ့သဖြင့် ဒဏ်ရာရရှိသူနှစ်ဦးအနက် တစ်ဦးသေဆုံးပြီး မော်တော်ယာဉ် ၇ စီးပျက်စီး Reviewed by THITHTOOLWIN on 18:43 Rating: 5
Powered by Blogger.