ဦးပိန်တံတား ကြမ်းခင်းအချို့ ရေများထိစပ်နေ


သြဂုတ် ၁ ။

မန္တလေး(အမရပူရ) တောင်သမန်းအင်းအတွင်းသို့ ရေ၀င်ရောက်မှုကြောင့် အင်းရေမြင့်တက်လာပြီး သြဂုတ် ၁-ရက်နေ့ မွန်းလွဲ ၂နာရီခွဲခန့်တွင် ဦးပိန်တံတားမှ နိမ့်သည့် ကြမ်းခင်းအချို့တွင် ရေများထိစပ်လာပြီဖြစ်ကြောင်းသိရသည်။

“မန္တလေးမှာ ဇူလိုင် ၃၀-ရက်က စပြီး မြစ်ရေက စိုးရိမ်ရေအမှတ်အထက် ကျော်လာတာက ဒီနေ့ဆိုရင် ၂-ပေ လောက်ထိရှိနေတယ်။ မြစ်ရေနဲ့ မြို့ထဲက ရေတွေကြောင့် တောင်သမန်အင်းမှာ ရေများလာပြီး တံတားကြမ်း ခင်းထိ ရောက်လာပြီ။”ဟု အမရလူမှုကူညီရေး အသင်းမှ ပြောသည်။

တောင်သမန်အင်းရေတံခါးကိုလည်း မြို့တော် စည်ပင် သာယာမှ ယနေ့နံနက်ပိုင်းက အင်းရေလျော့ကျရန် ဖွင့်လှစ်လိုက်လိုက်ကြောင်းသိရသည်။

“တောင်သမန် အင်းရေတံခါးဖွင့်လိုက်တော့ တခြားရပ်ကွက်တွေရေ၀င်မှာပဲ။ဒါပေမယ့် အခြေ အနေအရ လုပ်သင့်တာလုပ်ရတာပဲ။လူမှု ကူညီရေးအသင်းတွေနဲ့ ဌာနဆိုင်ရာ တွေရော လိုအပ် တာတွေ ကူညီဖို့အဆင်သင့်ရှိနေတယ်။”ဟု အမရပူရ မြို့ခံတစ်ဦးက ပြောသည်။

တောင်သမန်အင်းရေမြင့်တက်၍ ၂၀၀၄-ခုနှစ်က ဦးပိန်တံတားကြမ်းပြင်ကျော်လွန် အောင်ရေ လွှမ်းခဲ့ပြီး မန္တလေး(ဧရာဝတီ)မြစ်ရေ စိုး ရိမ်ရေအမှတ်မှာ၂၃၀.၇၄ ပေရှိ၍ ယင်းအထက် ၄-ပေခန့်ရောက် ရှိခဲ့ပြီးယခုနှစ် သြဂုတ် ၁-ရက်နေ့တွင် စိုးရိမ်ရေအမှတ်အထက် ၂-ပေခန့်တွင် ရပ်တံ့နေ ကြောင်းသိရသည်။

Mandalay News
ဦးပိန်တံတား ကြမ်းခင်းအချို့ ရေများထိစပ်နေ  ဦးပိန်တံတား ကြမ်းခင်းအချို့ ရေများထိစပ်နေ Reviewed by THITHTOOLWIN on 21:11 Rating: 5
Powered by Blogger.