မြန်မာသင်္ဘောသားတွေ ဗီယက်နမ်မှာ သောင်တင်နေ

(Credit: ABC) 
မြန်မာနိုင်ငံသား ​သင်္ဘောအမှုထမ်းနဲ့ ​တရုတ်နိုင်ငံသား ​သင်္ဘောအမှုထမ်းတွေ ​ပါဝင်တဲ့ ​တရုတ်ကုမ္ပဏီပိုင် ​သင်္ဘော ​နှစ်စီး ​ဗီယက်နမ်နိုင်ငံမှာ ​စွန့်ပစ်ခံနေရပါတယ်။

ဗီယက်နမ်နိုင်ငံ ​မြောက်ပိုင်းက ​သင်္ဘောဆိပ်မှာ ​တရုတ်သင်္ဘော ​၂စီး ​မေလကတည်းက ​စွန့်ပစ်ခံရတာ ​ဖြစ်တယ်လို့ ​Thanhnien ​သတင်းက ​ဒေသခံ ​မီဒီယာကို ​ကိုးကားပြီး ​ဖော်ပြထားပါတယ်။

အဲဒီ ​သင်္ဘောပေါ်မှာ ​မြန်မာနိုင်ငံသား ​၁၃ ​ယောက်နဲ့ ​တရုတ်နိုင်ငံသား ​၁၀ ​ယောက် ​သောင်တင်နေပြီး ​အခုဆိုရင် ​ရိက္ခာတွေ ​ထောက်ပံ့မှု ​မရတော့သလို ​မေလကတည်းက ​လုပ်အားခ ​လစာတွေ ​မရကြဘူးလို့ ​ဆိုပါတယ်။

အဲဒီ ​သင်္ဘောနှစ်စီးကို ​Jumbo ​Sino ​Development ​Limited ​က ​ပိုင်ဆိုင်ပြီး ​သင်္ဘောပေါ်က ​အမှုထမ်းတွေက ​အိမ်ပြန်ချင်ပြီး ​ရသင့်ရထိုက်တဲ့ ​လုပ်အားခလစာတွေလည်း ​လိုချင်ပြီလို့ ​ပြောဆိုကြပါတယ်။

ဗီယက်နမ်ရေတပ်အာဏာပိုင်တွေက ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​အထက်ကို ​တင်ပြထားပြီ ​ဖြစ်သလို ​သင်္ဘောအမှုထမ်းတွေ ​အစားအစာ၊ ​သောက်ရေနဲ့ ​လျှပ်စစ်မီးတွေ ​ပုံမှန်ရဖို့ ​ဆောင်ရွက်ပေးနေတယ်လို့လည်း ​ဖော်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မြန်မာသင်္ဘောသားတွေ ဗီယက်နမ်မှာ သောင်တင်နေ  မြန်မာသင်္ဘောသားတွေ ဗီယက်နမ်မှာ သောင်တင်နေ Reviewed by THITHTOOLWIN on 19:02 Rating: 5
Powered by Blogger.