မိုးမိတ်မြို့ နယ်တွင် သောင်းကျန်းသူ အယောင်ဆောင်ကာ ဆက်ကြေးကောက်ခံနေသူကို ဖမ်းဆီးရမိ


 သြဂုတ်(၇) မိုးမိတ်၊

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့ နယ်ရှိ ကျေးရွာများတွင် ဆက်ကြေးကောက်ခံမှုများ ဖြစ်ပွားနေသည့်အတွက် မိုးမိတ်စစ်ဗျူဟာမှူးနှင့် မိုးမိတ်ခရိုင်ရဲတပ်ဖွဲ့ မှူးတို့ က ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သတင်းကွန်ရက်ချိတ်ဆက် တည်ဆောက်ကာ ဆက်ကြေးကောက်ခံရန်လာသူအား ခြေရာခံရှာဖွေခဲ့ရာ သြဂုတ်လ (၅) ရက်နေ့ ၊ မွန်းလွဲပိုင်း (၁၂း၃၀) အချိန်တွင် မိုးမိတ်မြို့ နယ်၊ မိုးကောင်းဦးကျေးရွာအုပ်ရေးမှူး၏နေအိမ်သို့  ဆက်ကြေးကောက်ခံရန် ရောက်ရှိလာသူအား ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့ မှူး က အတည်ပြုပြောကြားသည်။

မိုးမိတ်မြို့ နယ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်ခံမှုတွေဖြစ်ပွားနေတာကို သိခဲ့ရပါတယ်။ ဇူလိုင်လ (၆) ရက် မှာ မိုးကောင်းဦးကျေးရွာ၊ ဇူလိုင်လ (၅) ရက်နေ့ မှာ နံနိမ်ကျေးရွာ၊ ဇူလိုင်လ(၆) ရက်နေ့ မှာ ကွင်းတိုအင်းကျေးရွာ၊ ဇူလိုင်လ (၁၆) ရက်မှာ အုန်းတွန်းကျေးရွာ၊ ဇူလိုင်လ (၁၃) ရက်မှာ ရွှေဇာလီကျေးရွာ တို့ မှာ ဆက်ကြေးကောက် ခံမှု ဖြစ်ပွားခဲ့တဲ့သတင်းတွေအရ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ချိတ်ဆက်ပြီး ဆက်ကြေးကောက်ခံသူကို ဖမ်ဆီးရ မိ နိုင်ဖို့  ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်ဟု ၄င်းက ဆက်လက်ပြောကြားသည်။

သြဂုတ်လ(၅) ရက်နေ့ က ဆက်ကြေးကောက်ခံမည့်သူ ရောက်ရှိလာမည့်သတင်းအရ အသွင်ယူစောင့်ဆိုင်းနေသော လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် မွန်းလွဲ ၁၂း၃၀ အချိန်တွင် မိုးမိတ်မြို့ နယ်၊ မိုးကောင်းဦးကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်သို့  အသက် (၄၀)နှစ်ခန့် အရွယ်အမျိုးသားတစ်ဦးက အရပ်ဝတ်ဖြင့်ရောက်ရှိလာပြီး ရှမ်းသောင်းကျန်းသူ အဖွဲ့  ဟု ပြောဆိုကာ သေနတ်ထုတ်ပြပြီး ဆက်ကြေးကောက်နေကြောင်း၊ မပေးလျှင် ခေါ်ယူသတ်ပစ်မည်ဟု ပြော ဆိုနေကြောင်း နမီကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဝင်တစ်ဦးက လာရောက်သတင်းပေးပို့ ချက်အရ သက်သေများနှင့် အတူ သွားရောက်ဖမ်းဆီးစစ်ဆေးခဲ့ ရာ စိုင်းထွန်း (၄၈) နှစ် (ဘ) ဦးစိုင်းပန်၊ ရှမ်း/ဗုဒ္ဓ၊ ကျပန်းလုပ်၊ မိုးဘုံကျေးရွာ၊ မိုးမိတ်မြို့ နယ်နေသူအား ခေါင်းစွပ် ပြောက်ကျားဓါတ်မီး(၁)လက်၊ အရိုးအသွား (၉)လက်မခန့်  ဓါးအိမ်ပါ ဓါးမြောင်(၁)ချောင်း၊ Mick အမျိုးအစား ဟန်းဆက် (၁) လုံး၊ ရောင်စုံရှပ်အင်္ကျီလက်တို (၁) ထည်၊ ပလတ်စတစ်ခြောက်လုံးပြူးသေနတ်အတု (၁) လက်၊ Nick တံဆိပ်ပိုက်ဆံအိတ် (၁)လုံး၊ Note Book အနက်ရောင်စာအုပ်တစ်အုပ်၊ အနက်ရောင်လွယ်အိတ် (၁) လုံး တို့ နှင့်အတူ တွေ့ ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သို့ ပါ၍ ရှမ်းသောင်းကျန်းသူအဖွဲ့ ဟု ပြောဆိုပြီး ကြောက်လန့် အောင်ခြောက်လှန့် ကာ ငွေတောင်းခံသူ စိုင်းထွန်း အား မိုးမိတ်မြို့ မရဲစခန်း က (ပ)၆၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆ အရ အမှုဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

သမန်းကျား၊ ရတနာပုံနေ့ စဉ်။
Lashio News Diary
မိုးမိတ်မြို့ နယ်တွင် သောင်းကျန်းသူ အယောင်ဆောင်ကာ ဆက်ကြေးကောက်ခံနေသူကို ဖမ်းဆီးရမိ  မိုးမိတ်မြို့ နယ်တွင် သောင်းကျန်းသူ အယောင်ဆောင်ကာ ဆက်ကြေးကောက်ခံနေသူကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 01:36 Rating: 5
Powered by Blogger.